2009-03-04

တပည့်တော်မနာမည် ခင်ညွှန့်နွယ်ပါဘုရား

ကပ္ပတိန်ကြီးခွင့်ပြုချက်အရ ဘုန်းကြီးက ကလေးမကိုစစ်ဆေးရတာပေါ့။ကလေးမရဲ့ အစစ်ခံချက်
တွေကိုလိုရင်းပြောရရင်-
̎ဒကာမလေး နာမည်ပြောစမ်း၊̎
̎တပည့်တော်နာမည် ခင်ညွှန့်နွယ်ပါဘုရား။̎
ဘုန်းကြီးစိတ်ထဲမှာ အင်းနံမည်ကလည်း နုလိုက်တာ ကဗျာဆန်လိုက်တာ၊ ရုပ်ဆင်းအင်္ဂါက လည်းဆိုဖွယ်ရာမရှိ နာမည်နဲ့ရုပ်နဲ့လိုက်အောင် တင့်တယ်သူ၊ တို့မြန်မာ အမျိုးသမီးလေးကို စပါးကြီး ကုလားက မတန်မရာ ရစ်ပတ်ကြိတ်ချေ၊ ကြေချင်တိုင်း ကြေအောင်ပြုပြီး သူမျိုချင်တိုင်း၊ မျိုရုံမက မြန်မာ ကကို ရန်သူလို သဘောထားကာ အခြားစပါးကြီးတွေကိုလည်း မျိုစေ၊၀ါးစေ၊ ငွေကြေးလည်းရအောင် စီးပွားရှာသေးတယ်။
အော်- ခင်ညွှန့်နွယ် … ခင်ညွှန့်နွယ် ..ပတ္တမြားတစ်လုံး၊ လူယုတ်မာတွေရဲ့ လက်မှာ ဆုံးရသလို တယ်နှမြောစရာ ကောင်းပါကလား။ ငါတို့မြန်မာ အမျိုးသားငယ်၊ အမျိုးသားကြီး ၊ ငွေရှင်အရင်းရှင်တွေ ဟာ ကိုယ့်အမျိုးသမီးတွေကို ကယ်ဆယ်နိုင်တဲ့ နည်းကောင်းလမ်းကောင်းများ ကြံစည်ကြရောပေါ့။
စည်းစိမ်ခံနေဖော်သာရတယ်၊ ကုန်ရှုံးမှာ ငွေရှုံးမှာလောက်ကိုသာ ပူပင်ကြတယ်။ လူမျိုးရေး ဆုံးရှုံးနေတာကိုတော့ မေ့မေ့လျော့လျော့နေနိုင်ရုံတွင်သာမက သူတို့ကပင် မျက်နှာငယ် ဂုဏ်ငယ်တဲ့ အမျိုးသမီးတွေကို မထင်မရှား ပျော်ပါးပြီးနေတော့ ရိုးတော့ဟောင်းတော့ ပစ်လိုက်ကြသေးတယ်... လို့ တစ်နေရာကို စိုက်ကြည့်ပြီး တွေးနေလိုက်တာ နောက်ထပ်မေးခွန်း ဆက်မမေးမိဘူး။
ကပ္ပတိန်ကြီးက-
‘ ဘာတွေ စဉ်းစားနေသလဲဘုရား၊ ဆက်ပြီး စစ်မေးပါဦး ‘ ဆိုတဲ့ အသံကြားတော့မှ သတိရပြီး ဆက်မေးရတော့တာပေါ့လေ။
‘ ကဲ - မင်းမိဘ၊ မင်းဇာတိနဲ့ မင်းအဖြစ်အပျက်ကလေး ပြောစမ်းပါဦး၊ မင်းမိဘတွေရော ရှိသေးရဲ့လား။‘
အဲသည်လိုလဲ ဘုန်းကြီးမေးရော ခင်ညွှန့်နွယ်မှာ အတော်ကို စိတ်ထိခိုက်ဟန်ရှိရဲ့ အီကနဲရှိုက်ပြီး လှိုက်လှိုက်လှဲလှဲ ငိုလိုက်တာခုထိ ဘုန်းကြီးမြင်မိသေးတယ်။ သူ့မျက်ရည် ယိုစီးမှုဟာ ပတ်ဝန်းကျင်က ပန်ချာပိတွေနဲ့ သံဃာရင့်မကြီး ဖြစ်နေတဲ့ ဘုန်းကြီးတို့ရဲ့ ကရုဏ မျက်ရည်စက်တို့ကို ဖိတ်ခေါ်သလို စိတ်ထိခိုက်ပြီး မျက်ရည်လည်တဲ့သူလဲ လည်ရတာပေါ့...။
ဘုန်းကြီးကတော့ ကလေးမနဲ့ဟာ လူမျိုးသွေးက ဆက်စပ်နေတော့ တိုင်းတစ်ပါးမှာ လူမျိုးခြား အနှိပ်အစက်ခံရလို့ ခုလို သောက၊ ဒုက္ခ၊ ဒေါမနဿတွေဖြစ်ပြီး ငိုကြွေးနေတာ မြင်ရတယ်ဆိုရင် ပန်ချာပီတွေ အဖို့မှာ မျက်ရည်လည်ရုံလည်ပေမယ့် ဘုန်းကြီးအဖို့ကတော့ သတိထားလို့ မရနိုင်အောင် မျက်လုံးအိမ်တွင်းက ပူနွေးတဲ့ မျက်ရည် တတွေတွေကျဆင်းမိပါတယ်။ သံဃာနဲ့မျက်ရည် တစ်ကယ် တော့ အဆင်မပြေလှဘူးပေါ့လေ....
ဒါနဲ့ ခင်ညွှန့်နွယ်က ငိုရင်း သူ့ဇာတ်သူလှန်တာပေါ့လေ။
‘ တပည့်တော်မ မိဘများနံမည်က ဦးသန်းမောင်နဲ့ ဒေါ်ခင်ညွှန့်ပါ။ ဟင်္သာတ ဒီစကြိတ် ရေကြည်မြို့အပိုင် ( ...) အိမ်ခြေ ၆၀ ကျော်လောက်ရှိတဲ့ ရွာကြီးကပါ။
တပည့်တော်မ မိဘများက အကျိုးပေးနေတဲ့ အချိန်တုန်းကတော့ လယ်ဧက ၃၀၀ ကျော် ရှိပါတယ်။ သားသမီးဆိုတာတော့ တပည့်တော်မ တစ်ယောက်ထဲပဲ၊ အိမ်မှာလည်း ကုန်စုံဆိုင်ကြီး ဖွင့်ထားသေးတယ်။
မြို့က ဈေးအတိုင်း ရောင်းတော့ အရောင်းအဝယ် ကောင်းပါတယ်။ တပည့်တော်မကို တော့ ရေကြည်မြို့ အစိုးရကျောင်းမှ ထားပါတယ်။ အင်္ဂလိပ်မြန်မာ ၆ တန်း အောင်ပြီးတဲ့အထိ နေခဲ့ရပါ တယ်။
ဒီကုလားကတော့ (ဒီကုလားကြီးကတော့ ခင်ညွှန့်နွယ်ကို မျိုနေသာ စပါးကြီးကို ဆိုလိုသည်) ပုသိမ်မြို့ မြေနုလမ်းမှာ လက်ကားကုန်စုံဆိုင်ကြီးများ ဖွင့်ပါတယ်။ တစ်နေ့ တပည့်တော်မ တို့ရွာရောက်ပြီး တပည့်တောမတို့ဆိုင်ကလည်း ရွာမှာ ဆိုင်ကြီးဆိုတော့ သူတို့က ဖောက်သည်အဖြစ် အရောင်းအဝယ်ဆက်လိုတဲ့ သဘောနဲ့ ဖေဖေမေမေတို့ကို သူတို့ဆိုင်မှာ ဘာမဆိုယူရောင်းပါ။ ဈေးသက်သက်သာသာနဲ့ပေးပါမယ်၊ ငွေကိုလည်း လွယ်တဲ့အခါမှ ပေးနိုင်ပါတယ်၊ ဆက်ဆံကြည့်ပါလို့ မိတ်ဆက်ပါတယ်။

1 comment:

  1. မှန်ပါတယ်...မြန်မာတွေ..သတိရှိကြဖို့ လိုအပ်ပါတယ်..အမျိုးသားရေးဆိုတာသိဖို့ လိုအပ်ပါတယ်...ဒီလိုနေရာမှာ..ကွန့်မန့် လေးတွေပြည့်နေရမှာ..

    ReplyDelete

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-