ဦးန၀ရဒ အရှင်သူမြတ်သည် ( ကိုယ်တော့် ကရုဏာ ) ဇာတ်ကြောင်းကို အောက်ပါအတိုင်း ပြောပြတော်မူသည်။
ခရစ်သက္ကရာဇ် ၁၉၄၄ ခုနှစ် ၊ ဇူလိုင်လထဲမှာ ကာလကတ္တားမြို့အချုပ်ထောင်မယ် ဘုန်းကြီးအချုပ် ခံနေရတယ်။ အဲဒီအချိန် မြန်မာပြည်မှာ ဂျပန်ခေတ် ၂ နှစ်လောက်ရှိနေပြီ။
ဒီအခါက အင်္ဂလိပ်အစိုးရက ဘုန်းကြီးကို အိန္ဒိယပြည် ကာကွယ်ရေး ဥပဒေပုဒ်မ ၂၆ အရ နိုင်ငံရေး အကျဉ်းသမား တစ်ယောက်အဖြစ် ဖမ်းဆီးပြီး အချုပ်ခန်းထဲပို့လို့ ကိုယ်ဖြစ်သမျှအကြောင်း အကောင်းချရတော့တာပေါ့လေ …………..
ဇူလိုင်လပေမယ့် ကာလကတ္တား ရာသီဥတုက အလွန်တရာပူအိုက်တော့ အချုပ်ခန်းထဲမှာ လည်း နေ့ရောညပါဆိုသလို ပန်ကာအောက်က မခွါနိုင်ဘဲ ထိုင်ပြီး နေ့နှင့်ည အချိန်ကိုဖြုံးနေရတယ်။
အချုပ်ခန်းထဲနေရပေမယ့် မဆိုးလှပါဘူး ။ သူတို့ဆီက အချုပ်ခန်းက ကျယ်ကျယ်ဝန်းဝန်း သန့်သန့်ရှင်းရှင်းပါပဲ ၊ ပန်ကာတွင်မကဘူး ၊ ရေချိုးခန်းတွေ ဘာတွေနဲ့မို့ နေရတာ မဆင်းရဲလှဘူး ။ ဘုန်းကြီးနဲ့အတူ ကံတူအကျိုးပေး အကျဉ်းသမားများလည်းရှိကြသေးတယ်။
ဟိန္ဒူလူမျိုးက ၄ ယောက် ၊ အင်္ဂလိပ် ၂ ယောက်နဲ့မြန်မာမူဆလင် ကာစင်ဆိုသူ တစ်ယောက် ပေါင်း ရှစ်ယောက်နဲ့ပေါ့လေ ၊ အချင်းချင်းမျိုးမတူကြပေမယ့် အရေးကြုံနေရတဲ့ အခါကျတော့ တစ်ဦးနဲ့ တစ်ဦး ခင်ခင်မင်မင်နဲ့ ကံပစ်ချသလို ပျော်ပျော်ပါးပါးနေလာလိုက်ကြတာ ထောင်သက်တန်း တစ်လခွဲအချိန်အတိပင် ရှိလာခဲ့တယ်။
အဲဒီချိန်မှာ စကားစပ်မိရာ ပြောကြရာက မြန်မာပြည်က အိန္ဒိယကို စစ်ပြေးလာခဲ့ကြတဲ့ လူတွေ အကြောင်းကို စပ်မိလို့ပြောရင်း မောင်ကာစင်က လှိုက်လှဲသောမျက်နှာအမူအရာနဲ့ တပည့်တော်တို့ မြန်မာအမျိုးသမီးတစ်ယောက် ဂွါလန္ဒိရ်မြို့က ကုလားတစ်ယောက်လက်ထဲမှာ အတော်အနှိပ်စက်ခံ နေရတယ်ဘုရား။ တပည့်တော်လည်း ကယ်မလို့ ကြိုးစားနေတုန်း ခုလိုအချုပ်ခံရတဲ့ ဘ၀ကို ရောက် လာတာနဲ့ မအောင်မြင်ခဲ့တော့ဘူး ဘုရားလို့ ပြောတော့ ဘုန်းကြီးမှာ နဂိုကတည် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်နေတဲ့သူဆိုတော့ ဒီစကားကြားရတာ မိုးကြိုးပစ်ချလိုက်သလိုပဲ မိန်းမောတွေဝေ သွားမိတယ်။ ကာစင်ကိုလည်း ဒီကုလားဒိန်ဟာ အမျိုးသားစိတ် ရှိသားဘဲလို့ ဝမ်းမြောက်မိတယ်။ တစ်ခါ တွေးဝေမိပြန်တယ်။ မွတ်ဆလင် ဘာသာဝင်သူတစ်ဦးက ဗုဒ္ဓဘာသာ ဘုန်းကြီးကို ဒီစကားမျိုး ဘာသ ဘောနဲ့ ဘာရည်ရွယ်ချက်နဲ့ ပြောပါလိမ့်လို့ လဲစဉ်းစားတယ်။
ဒီကောင်ဟာ အစိုးရရဲ့ သူလျှိုတစ်ယောက်မို့ ငါ့သဘောတွေကို အဘက်ဘက်က စုံစမ်းတာများ လားနဲ့ ဝါဝါဒ ဖြစ်မိတာပေါ့။ ဒါနဲ့ ဘုန်းကြီးက သူ့ကိုမေးတယ်။
‘ ကဲ မင်းတွေ့ကြုံခဲ့ရတဲ့ ဇာတ်ကြောင်း ပြောပြစမ်းပါဦးကာစင်‘။
တပည့်တော်ဟာ စစ်တကောင်းက ဂွါလန္ဒိရ်မြို့ကို လာခဲ့ပါတယ်။ ဂ္ဂွါလန္ဒိုင်မြို့ကျတော့ တည်းခိုစရာ ရှာပါသည်။ ဒါနဲ့ (Indo-Brumen) အင်ဒိုဘားမင်း ထမင်းဆိုင်ဆိုတာ တွေ့ရတာနဲ့ ဒို့ မြန်မာ မူဆလင်အတွက် အသင့်လျော်ဆုံးပဲဆိုပြီး နာမည်စာလုံးကြောင့် ဝမ်းသာအားရ မိတယ်ဘုရား…
‘ ဆိုင်ကလဲ အတော်သပ်သပ်ရပ်ရပ်ရှိပါတယ်။ ညကျတော့ ဆိုင်ရှင် ခေါ်တော့ကုလားကြီးက တပည့်တော်ကို ပြုံးဖြီးဖြီးနဲ့ စကားရောဖောရော လာလုပ်တယ်။‘
ဆိုင်ရှင်ခေါ်တော့ ဟေ့ မင်းတစ်ယောက်တည်း ပျင်းစရာကြီး မိန်းမ မလိုချင်ဘူးလား ‘
ကျွန်တောက ခင်ဗျားတို့ ကုလားမတွေ ဆီနံ့မဆလာနံ ထောင်းထောင်းထနေတာ ကျုပ်ဘာ လုပ်ဖို့လဲ မလိုချင်ဘူး ‘ ခပ်ဆပ်ဆပ် ပြောလိုက်ပါတယ်။
မင်းလိုက်ကြည့်စမ်းပါလို့ ပြောပြောဆိုဆို တပည့်တော်လက်ကို အတင်းဆွဲပြီး အထဲကို ခေါ်သွင်း သွားတယ်။ တပည့်တော်ကိုလည်း ဒီခေါ်တောကို နဲနဲလန့်လာသလို ခပ်ဖိမ်းဖိမ်းနဲ့ပဲ သူဆွဲခေါ်ရာ ပါသွားပါ တယ်။
ဒါပေမယ့် အခန်းထဲရောက်တော့ ဆာရီဝတ်ထားတဲ့ မြန်မာမိန်းကလေး ချောချောတစ်ယောက်ကို မီးရောင်အောက်မှာ တွေ့ရတာနဲ့ တပည့်တော် အံ့အားသင့်နေတုန်း ဆိုင်ရှင်ခေါ်တောက မြန်မာစကား ပြတ်ပြတ်သားသားနဲ့ …..
‘ ကဲ ဟေ့ကောင် ကြည့်စမ်း။ ဒါဟာ ဆီစိမ်းစော် ၊ မဆလာစောနံ့တဲ့ ကုလားမမျိုးလားလို့ တော်တော်ကြာ မင်းကိုအခန်းထဲက ကန်ထုတ်မနေပါရစေနဲ့ မာရကျွတ် ‘ လို့ ဆဲလိုက်သေးတယ်။
ကလေးမမှာ လုံးကြီးပေါက်လှ၊ ရုပ်ကလဲချောတယ်။ မျက်နှာကြည့်ရတာ သူ့နဂိုလှနေတဲ့ မျက်နှာမှာ ဆင်းရဲနေတဲ့ ဒုက္ခအရိပ်တွေကို တပည့်တော် တွေ့ရပါတယ်။
ဒါပင်မဲ့ တပည့်တော်လည်း သဘောကျတော့ ခေါ်တောကြီး ငွေ ၁၀ ကျပ် ထုတ်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကုလားကြီး ကျေနပ်သွားတယ်။ တံခါးတောင် ပိတ်သွားလိုက်သေးတယ်။
နှစ်ယောက်ထဲလည်း ကျန်ရစ်ရော တပည့်တော် ခြေကိုဖတ်ပြီး နောက်ကြောင်းရာဇဝင်တွေ ပြောပြီး သူ့ကို ကယ်ဆယ်ဖို့ အကြောင်းတောင်းပန်တယ်။
တပည့်တော်လည်း ခေါ်တောနဲ့ လိုက်သွားကြတဲ့ မြန်မာသမီးတွေရဲ့ ဒုက္ခရာဇဝင်တွေကြားဖူး၊ သိဖူးထားတော့ အခုလို တွေ့နေရတဲ့ ဗမာအမျိုးသမီးကို တပည့်တော် ပျော်ချင်စိတ် တောင်ချုပ်တီးပြီး ဘာမှ မကျူးလွန်တော့ဘူး၊ သနားလိုက်တာမှလွန်ပါရော….
ဒါနဲ့ တပည့်တော်က-
‘ ကဲ ငါခုနေ ကယ်ဖို့ မလွယ်ဘူး။ မင်းဘာသာ မင်းအဆင်သင့်သလို ပြေးချင်ပြေးနိုင်အောင် ရော့ ငွေ ငါးဆယ်လို့ ပေးခဲ့ပြီး တပည့်တော် ပြန်ထွက်လာခဲ့တယ်။ မိုးလင်းတော့ အဲသလို မောင်ကာစင်ပြောတဲ့ စကားတွေ နားထောင်ရင်း ဒီမြန်မာ အမျိုးသမီးအတွက် အမျိုးရေးကြောင့် ဘုန်းကြီးမျက်စေ့အစုံဟာ မှောင်အတိကျသွားတယ်။ ခံပြင်းနေတဲ့ စိတ်တွေ လှိုင်းထနေလို့ ကာစင်ကိုတောင် မင်းကို ဘာဖြစ်လို့ ဖမ်းတာလဲဆိုတဲ့ မေးခွန်းကိုတောင် မမေးလိုက်မိဘူး။
ဘုန်းကြီးမှာ လက်ငင်း အဖမ်းအဆီးအချုပ်အနှောင် ခံနေရခြင်းကြောင့်သာ နေလိုက်ရတယ်။ လွတ်လွတ်လပ်လပ်ဆိုရင် ညတွင်းချင်း ဂ္ဂါလန်ဒိုကို လိုက်သွားမှာအမှန်ပဲ။ ကယ်သူဝေးရင် မိန်းကလေး တော့ ငရဲတွင်းမှာ နစ်ချင်တိုင်း နစ်နေတော့မှာပဲ။ ဟယ် ကံအတိုင်းပေါ့။ငါကယ်ချင်ပေမယ့် သတ္တဝါတစ်ခု ကံတစ်ခု၊ ဘုရားသော်မှ လျစ်လျူပြုရတာတွေ ရှိနေတာပဲ။ အော်- သနားပါဘိလို့ ကရုဏာတွေ ပြင်းထန် လာတော့တယ်။
အဲသလို ဖြစ်နေတုန်းမှာပဲ နက်ဖြန်ဘုန်းကြီးကို ထောင်ပြောင်းဖို့ အမိန့်ကျလာတာနဲ့ ကာစင်နဲ့ စကားပြတ်သွားကြရော။
နောက်တနေ့ မိုးလင်းတော့ ဘုန်းကြီးကို ဆိုင်ရာစစ်ပုလိပ် ပန်ချာပီတစ်စု ထောင်ပြောင်းဖို့ လာခေါ်ကြတယ်။ ဘယ်နေရာကို ပြောင်းရမယ်။ ပို့မယ် ဆိုတာတွေ ဘာမှ အသိမပေးဘူး။ ဒါပေမဲ့ သူတို့ ဆီမှာပါတဲ့ မီးရထား ပတ်(စ်)လက်မှတ်ကို အမှတ်မထင် ကြည့်ရခြင်းအားဖြင့် ဒီ ကာလကတ္တားမှ အာသံပြည် ဆီးလ်ချာမြို့သို့လို့ ရေးသားထားလို့သာ ငါ အာသံပြည် ဆီးလ်များထောင်ကို သွားရမှာကိုးလို့ သိရတာ။
ဘုန်းကြီးကို လာပြီးခေါ်ဆောင်တဲ့ စစ်ပုလိပ် ပန်ချာပိတွေက မူလက အိန္ဒိယပုလိပ်တွေ မဟုတ်ဘူး။ မြန်မာပြည်က အစိုးရနဲ့ အတူတူဆုတ်ခွာလာကြတဲ့ စစ်ပြေးပုလိပ်များဖြစ်တယ်။ မြန်မာကို အတော်ညှာတာစိတ် ရှိကြပါတယ်။ ဝတ္တရားအတိုင်း ဘုန်းကြီးကို လာခေါ်တာကလွဲရင် ဘယ်လိုမှ အနှောင့်အယှက် မပေးကြဘူး။ ဘုန်းကြီးအလိုကို လိုက်တယ်။ ကျွေးမွေးစောင့်ရှောက်ကြတယ်။
တစ်ခါတစ်လေ ဘုန်းကြီးက စိတ်တိုခိုက်နဲ့ ကြုံရင် သူတို့ကို ကလော်ထုတ်လိုက်သေးတယ်။ သူ့ခမြာဗျာ အပြုံးမပျက်ကြရှာပါဘူး။ အတော်သည်းခံနိုင်တဲ့ ပန်ချာပီတွေပါပဲ။
ည ၁၀ နာရီ အချိန်ကျတော့-
ကာလကတ္တားမြို့ ရှယ်လဒါ ဘူတာကြီးက စစ်မီးရထားကြီးစီးပြီး ထွက်လာခဲ့ကြတယ်။ မနက်လင်း အရုဏ်တက်မှာ သင်္ဘောလမ်း ရထားလမ်းဆုံရာ ဂွါလန္ဒိုရ် ရောက်ကြတယ်။
ဂွါလန္ဒိုရ်ဆိုတဲ့ နာမည်လဲကြားရော ဝမ်းသာလိုက်တာ ဒကာကြီးရယ်။ ကာစင်ပြောတဲ့ ကိုယ့် အမျိုးသမီးကလေး သတိရပြီး၊ သူ့ကိစ္စက အမြဲတစေ သတိရပြီး နှိုးဆွနေတာကြောင့် အချုပ်တန်း လန်းနဲ့ ငါဘယ်လို ကြံရပါ့၊ ကံမ ရင်လဲ ဟန်ကျမှာပဲ ၊ ဟယ် ဘာပဲဖြစ်ဖြစ် ငါတော့မလျှော့သောလုံ့လနဲ့ ကလေးမကို လူစပါးကြီးပါးစပ်ထဲ့ ဆွဲနှုတ်ပြီး ကယ်ဆယ်နိုင်အောင်ကြိုးစားမယ်လို့ သန္နိဌာန်ချ လိုက် တယ်။
အာသန်(ဆီလ်ချာ)ကို သွားရမှာ ဂွါလန္ဒိုရ်မှာ ရထားကဆင်းပြီး ရေကြောင်းခရီးတစ်တန် ရှိနေတာကို၊ ဒီတော့ ဘုန်းကြီးတို့စီးမယ့် SAMPOR (စံပူး)ဆိုတဲ့ သင်္ဘောကလဲ ညနေ ၂ နာရီမှ ထွက်မှာမို့ အမျိုးသမီးလေးရဲ့ ကံလို့ဆိုပါတော့် ၉ နာရီလောက်ကြာအောင် ကြိုးစားနိုင်ဖို့ အချိန်အတော်ရတာပဲ။
ဒါနဲ့ ဘုန်းကြီးတို့လဲ ဂွါလန္ဒိုရ် ချထားတဲ့ ပုလိပ်ကင့် (CAMP)မှာ အနားယူကြရတယ်။ ဂွါလန္ဒိုရ်မှာ ချထားတဲ့ ပုလိပ်အရာရှိတွေကလဲ မြန်မာပြည်က စစ်ပြေးပုလိပ်တွေပင် များပါတယ်။
စစ်ပုလိပ်တို့၏ အကြီးအကဲ ကပ္ပတိန်လုပ်သူ ပန်ချာပီကြီးကလဲ မြန်မာပြည်(ရေနံချောင်းမြို့) အစိုးရ ဟိုက်စကူးကျောင်းမှာ ဆရာလုပ်ခဲ့ဖူးတယ်။ ခု ပုလိပ်လုပ်နေပေမယ့် ကျောင်းဆရာ အင်္ဂါနဲ့ညီစွာ အမူအရာ သိမ်သိမ်မွေ့မွေ့နဲ့ မြန်မာစကားကို မြန်မာစာနဲ့တကွ မြန်မာပညာတတ်လောက်ကို တတ်ကျွမ်းသူတစ်ပိုင်း ဖြစ်နေတော့ ဘုန်းကြီးကို သူ ဦးခိုက်ဝတ်ချတယ်။ ဆွမ်းလုပ်ကျွေး လှူဒါန်းတယ်။ ဘုန်းကြီးကလဲ စစ်ပုလိပ် ကပ္ပတိန်ကြီးရဲ့ မွန်မြတ်တဲ့စိတ်ကို သိရတာနဲ့ ကလေးမကိစ္စကို ဆောင်ရွက် ရအောင် -
‘ ကပ္ပတိန်ကြီး ၊ ဒီဂွါလန္ဒိုရ်မှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုအားလုံးကို ခင်ဗျားတို့ အရေးယူနိုင်သလား‘
ကပ္ပတိန်ကြီးက ‘ မှန်ပါ။ တပည့်တော်တို့နဲ့ ဆိုင်ပါတယ်‘
ဘုန်ကြီးက ‘ ဒါဖြင့် ခင်ဗျားတို့ ဖမ်းနိုင်တာပေါ့ ‘
ကပ္ပတိန်ကြီးက ‘ မှန်ပါ၊ ဘာအကြောင်းထူး ရှိလို့ပါလဲဘုရား‘
ဘုန်းကြီးက ‘ ဒီလို ကပ္ပတိန်ကြီးရဲ့ ၊ ဘုန်းကြီးတို့ မြန်မာအမျိုးသမီးတစ်ယောက် ဒီဂွါလန္ဒိုရ်မှာ တဏှာကျွန် ခံနေရတာ ခင်ဗျားတို့ သိသလား၊ တဏှာကျွန် ဆိုတာကော ခင်ဗျားနားလည်ရဲ့လား ‘
ပန်ချာပီ ကပ္ပတိန်ကြီးက ပြုံးပြီး-
‘ တပည့်တော် နားလည်ပါတယ်။ ဒီသတင်းကို တပည့်တော် အံ့သြလို့ပါ‘ ပြောပြီး တွေဝေစဉ် စားနေလေသည်။
ပြီးမှ တစ်ဖန် ‘ ဒီကိစ္စဟာ ဟုတ်မယ်မထင်ပါဘူး၊ ဒီမြို့မှာ တပည့်တော်တို့ဟာ ထုံးလိုချေ ရေလိုနှောက်ပြီး သွားလာနေတဲ့ လူတွေပဲ ‘
ဘုန်းကြီးက ‘ ခင်ဗျားက ဟုတ်မယ်မထင်ပင်မယ့် ဘုန်းကြီးကတော့ နေရာနှင့်တကွ အိမ်နံပါတ်၊ ဆိုင်နံပါတ်ပါ ခိုင်ခိုင်လုံလုံသတင်းရထားလို့ပါ ‘ လို့ စိတ်ပါလက်ပါ အရေးယူးပြီး သူတို့နဲ့အတူ ဘုန်းကြီးပါ ထွက်လာခဲ့ကြတယ်။ မနက် ၈ နာရီ ရှိနေပြီ။ ဘုန်းကြီးတစ်ကိုယ်တည်းပဲ ထမင်းဆိုင် ဟိုတယ်ရှေ့ကို ရောက်သွားပြီး အတွင်းကို လှမ်းကြည့်လိုက်တယ်။ အတွင်းမှာ ဆိုင်ရှင် ခေါ်တောကို တွေ့ရတယ်။
လတ်စသတ်တော့ ဒီစပါးကြီးကိုး။ တို့အမျိုးသမီးကို ရန်သူမကောင်းဆိုးဝါးလို နှိပ်စက်နေတာ ‘ ကုန်းလဲပိုးသေးရဲ့ ၊ လျှော်လဲဆင်းသေရဲ့‘ အင်း - ငါကယ်နိုင်ပါစေလို့ ဆုတောင်းပြီး ဆိုင်တွင်းလဲ ဝင်တော့ ဆိုင်ရှင် (လူစပါးကြီး)က လားလား ပြာပြာသလဲ ဖော်ဖော်ရွေရွေများ ထိုင်နေရာ ထလာပြီး မြန်မာလို -
‘ ကြွပါအုံးဦးဇင်း၊ ကြွပါ၊ မြန်မာပြည်က လာတာလား၊ ကျွန်တော်လဲ မြန်မာပြည်မှာ နေလာပါ တယ်။ ဘုန်းကြီးကို ပြုစုတက်ပါတယ်။
ဘုန်းကြီးကလဲ သူ့ကို ပြုံးပြပြီး အတွင်းဘက်ကို အမှတ်တမဲ့ အကဲခတ်ကြည့်ရငြ်း ကော်ဖီခွက် မှာလိုက်တယ်။ ဘုန်းကြီးအသံကို ကြားလို့နဲ့တူတယ်။ အတွင်းခန်း ဝါးထရံပေါက်ကနေပြီး မိန်းမမျက်လုံး နှစ်လုံး စိုက်ကြည့်နေတာကို တွေ့ရတယ်။
ဘုန်းကြီး အဲဒီမျက်လုံးအကဲကို (လူစပါးကြီး)ရဲ့ အလစ်အလစ်မှာ မင်းကို ငါမြင်တယ်ဆိုတဲ့ အထိမ်းအမှတ် လုပ်ရတယ်။ သူကလည်း သိတဲ့လက္ခဏာကို ပြသလိုပဲ ဘုန်းကြီးထင်တယ်။
ကဲ - အချိန်ကုန်နေမယ်လေ ကာစင်ပြောတဲ့အတိုင်း တကယ့်ငရဲတွင်း ကျနေသလို ဒုက္ခခံ နေရတာ မှန်ပေလိမ့်မယ်၊ မဟုတ်တော့လည်း ရောက်တာပေါ့လို့ ပိုင်းဖြတ်ပြီး ဆိုင်ဝထွက်ပြီး ပုလိပ်တွေ ကို အချက်ပြလိုက်တယ်။ ကပ္ပတိန်ကြီးနဲ့ပုလိပ်များ ဝင်လာကြတယ်။
ဆိုင်ရှင် လူ့စပါးကြီး အံ့အားသင့်နေတုန်း ကပ္ပတိန်ကြီးက အိမ်တွင်းဝင်ရှာမယ်လုပ်ရော၊ လူ့စပါးကြီးက မခံရပ်နိုင်တဲ့ အမူအရာနဲ့ ‘ ဘယ့်နှယ်လဲ ခင်ဗျား ဘာကြောင့် ကျုပ်တို့မယားရှိနေတဲ့ အတွင်းခန်းကို ဝင်ချင်သလဲ ‘ လို့လည်း ပြောပြီး တားရော ကပ္ပတိန်ကြီး က လူ့စပါးကြီးပါးနှစ်ဘက်ကို ဖြောင်းဖြောင်းနဲ့အားကုန်တီးလိုက်တာ သွားတွေကျွတ်ထွက်မတတ်နာသွားတာပေါ့...။
အဲဒီလိုတ၀ုံးဝုံး တဒိုင်းဒိုင်း ဖြစ်နေတုန်း ကာစင်ပြောတဲ့အမျိုးသမီးကလေးပြေးထွက်လာတာပါပဲ။
အသားဖြူဖြူ၊ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်း မြန်မာမချောချောကလေးပါပဲ။ဒီလိုလှတာ ချောတာကလေးကိုတောင်မှ စပါးကြီးတို့နှိပ်စက်သေးရင်အကြည်းတန် အရုပ်ဆိုးတဲ့ မြန်မာမများ ကုလားယူမိမှဖြင့် မတွေးမိအောင်ဒုက္ခတွေ့မှာပါဘဲ။
ကလေးမကလေးဟာဘုန်းကြီးရှေ့မှာ ထိုင်ပြီး ကန်တော့ရင်း ငိုလိုက်တာမှ ရှိုက်ကြီးတငင်ပေါ့။
စာရေးဆရာပြောပြောရရင်ကလေးမလေးရဲ့မျက်လုံးတွေဟာ ထမင်းဆိုင် တစ်ခုလုံးပါ ပေါလောမျော
လောက်အောင် ချောင်းစီးသလို ဆင်းနေတော့တယ်လို ဆိုချင်တာပဲ။
ဘုန်းကြီးကမေးမြန်းတာကို ပြန်ဖြေတဲ့ အသံဟာလည်းငိုရင်း ရှိုက်နေတဲ့ အရှိုက်ကြားက နစ်နစ်ပြီး စကားလုံးဖမ်းမရအောင်ကိုဘဲ ပျောက်နေတော့တယ်။
ဒါနဲ့ဆိုင်ရှင်(စပါးကြီး)လက်ထိပ်ခတ်ပြီး ကလေးမကိုပုလိပ်ကင့်ကို(Camp)ကိုခေါ်လာခဲ့ကြတယ်။
ဝိုင်းနေကြတဲ့ စပါးကြီးမျိုးတွေဆိုတာလည်း ဆိုင်ရှေ့မှာအုံလိုပေါ့။ အားမတန်လို့မာန်လျှော့နေကြတဲ့ မျက်နှာပေးမျိုးတွေပေါ့လေ။
ပုလိပ်စခန်းရောက်မှတောင် ဆိုင်ရှင်နဲ့မျိုးတူ စပါးကြီးတွေလာကြသေးတယ်။ ဘုန်းကြီးကိုတောင်
မေးခွန်းထုတ်လိုက်ကြသေး။
̎ဘုန်းကြီး ခင်ဗျားနဲ့ဒီကောင်မလေးနဲ့ဘာတော်သလဲ...̎တဲ့။
̎ငါ့ညီမငယ်တော်တယ်̎လို့မာမာပြောလိုက်တယ်။
2009-03-04
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-