ကိုယ်တော်ကား အတော်သဘောကျသွားပြီးနောက်…….
“ ဒကာကြီးဟာ ကျုပ်လိုပါပဲ၊ ကျုပ်အယူအဆနဲ့ တူပါတယ်။ အတိုချုပ်ကတော့ ဘာသာရေး နဖူး စီးထားတဲ့ လူမျိုးရေးရှိနေတဲ့ လူစားတွေက သူတို့နဲ့ဘာသာကွဲသူဟူသမျှကို ဘယ်တော့မှ အမျိုးဆက်ဖို့ ကိစ္စ မစဉ်းစားဘူး။ သူတို့ကသာ မျိုပစ်မှချည်းဘဲ…….။
ဒါကြောင့် ကျုပ်က ဒီလူတွေကို (လူ့စပါးကြီး)လို့ခေါ်တယ်။သူတို့ဟာ သူတို့ရဲ့ ဘာသာရေးကို အဓိကထားပြီး ရိုသေစွာ စောင့်ထိန်းခြင်း မပျက်စေရဘဲ အခြားလူမျိုးတစ်မျိုးကို မျိုလိုက်တော့ သူတို့ ဘာသာ အင်အားဟာလည်း ကြီးမားလာတာပေါ့။ ဒါဟာ ကျုပ်ကိုယ်တွေ့။ အိန္ဒိယလို ဇာတ်ရှိတဲ့ နေရာမှာတောင် ဇာတ်နိမ့်တွေကို သူတို့မျိုနိုင်သေးတာပဲ။ ပါကစ္စတန်ဆိုတဲ လောက သစ်တစ်ခုကို တောင် အိန္ဒိယထဲက ခွဲထုတ်နိုင်သေးတယ် မဟုတ်လား။ ခုမြန်မာပြည်လို ဇာတ်မရှိ သဘောကောင်း ဧည့်ခံကောင်းတဲ့ သာလာယံဇရပ်မျိုးမှာဆိုတော့ ဘာပြောကောင်းမလဲ…..။
“ ဒီတော့ လူမျိုးရေးကိစ္စမှာ (ဆိုရှယ်မလစ်) နိုင်တဲ့သူကို ကိုယ်ကပြန်ပြီး ဘယ်တော့မှ (ဆိုရှယ် လစ်) မနေနဲ့။လူဦးရေကလည်း လက်တစ်ဆုပ်စာ မြန်မာပြည်မို့လို့ ခုနေခါကနေ ကြိုပြီး သတိမရကြရင် (ဗုဒ္ဓဘာသာ မြန်မာ) ကို အတော်ရှာတွေ့ဖို့ ခဲယဉ်းသွားလိမ့်မယ်။ ဒီတော့ သူတို့ဘက်က လိမ္မာသလို ကိုယ့်အမျိုးသမီးများကလဲ လိမ္မာကြ။ သတိထားကြဖို့ ကြိုးစားကြရမှာ ဒကာကြီးတို့ တာဝန်တွေပေါ့။
တရားသဖြင့်ကတော့ ဒကာကြီးပြောသလိုပါပဲ(ကိုယ့်အမျိုးသမီးနဲ့သူတို့အမျိုးသား) (ကိုယ့်အ မျိုးသားနဲ့ သူတို့အမျိုးသမီး) လက်ဆက်ကြစေ။ လင်နဲ့မယား မိမိတို့ ယုံကြည်ရာ ဘာသာကို ကိုးကွယ်နိုင် ကြစေလို့သာလူတစ်မျိုးနဲ့ တစ်မျိုး မျှတကြဖို့ ကောင်းတာပေါ့။ ခုတော့ လူ့စပါးကြီးတွေက ဘယ်ဘာသာ ကွဲကိုမဆို သူတို့ဘာသာထဲကို မဝင်ရင် အမျိုးမဆက်နိုင်ဘူးဆိုတဲ့ ဘာသာရေးနဲ့ အကြပ်ကိုင်ထားတော့ သူတို့ကို အပြစ်မပြောလို။ သူတို့လိမ္မာသလောက် ကိုယ့်အမျိုးက မိုက်နေတော့ ကိုယ့်အမျိုးသမီးတွေကို သာ ကြပ်ကြပ်မတ်မတ် သတိပေးရမယ်……။
အဲဒီလူ့စပါးကြီးကိစ္စတွေနဲ့ပတ်သက်ပြီး အကျယ်တဝင့် ပြောပြဖို့ ကျုပ် “ လူ့စပါးကြီး ” ဆိုတာ ရေးထားတယ်။ စာအုပ်ရိုက်ဖို့ အချောကိုင်နေတယ် ဒကာကြီးကို ပြရဦးမယ်…..။
မောင်မြင့်သိန်းက ကြားဖြတ်၍
“ဒါပေမယ့် ခုမြန်မာမူဆလင် အမျိုးသမီးတွေက ဘာသာခြားပေမယ့် အမျိုးသမီး ကောင်းစား ရေးကိုမျှော်ပြီး လက်ထပ်ထိမ်းမြားတဲ့ကိစ္စနဲ့ စပ်လျဉ်းလို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိုက်ပွဲ ဆင်ခဲ့ တယ်ဆိုတာဝမ်းသာစရာပဲ။” မောင်မြင့်သိန်းရဲ့သူတို့ မူဆလင်ယောက်ျားတွေဟာ မသိ နဲ့ချောက်ပြီးအပေါ်စည်းကချည်း နေလွန်းအားကြီးတော့ အရည်အသွေးရှိတဲ့ မူဆလင်အမျိုးသမီးတွေ မခံနိုင်ဘူး။ ခေတ်အားလျော်စွာ အမြင်ကျယ်လာပြီ။ ဆိုရှယ်လစ်ပန်းတိုင်သို့ ရှေ့ရှုပြီး ပြေးနေကြရတဲ့ ခေတ်မှာ တစ်ဖက်စီးနင်း လုပ်ထားသမျှ အနှောင်အဖွဲ့တွေ ပြုတ်ဖို့ ရုန်းကန်လာကြတာပေါ့။
နောက်ကိုကြည့်ပါ။ အိမ်ထောင်ရေးမှာတောင် ဘာသာရေးနဲ့ ခွဲထုတ်ပြီး မိမိနှစ်သက်ရာ လွတ် လပ်စွာ အိမ်ထောင်ပြုနိုင်တဲ့ အခွင့်အရေးတွေပါ ဆိုလာကြပါလိမ့်မယ်။ လင်နဲ့မယား ဘာသာတူမှ ယူမယ်ဆိုတာမျိုးတွေ မဟုတ်ဘဲ လင်ကလဲ သူယုံကြည်ရာဘာသာ ကိုးကွယ်၊မယားကလဲ ကိုယ် ယုံကြည်ရာဘာသာ ကိုးကွယ်။ ဘာသာရေး အနှောင့်အယှက်တွေ ကင်းရှင်းစွာ ဘဝခရီးမှာပျော်ပျော်ကြီး သွားနိုင်ဖို့ အကြောင်းတွေ ပေါ်လာလိမ့်မယ်.....။
ဘုန်းကြီးက ပြုံးပြီး....
“ ဒီခေတ် မြန်မာမူဆလင်တွေရဲ့စိတ်ဓာတ်ဟာ ရှေးကျွန်ခေတ်က ကုလားကပြားတွေရဲ့ ရာနှုန်း ပြည့် ကုလားစိတ် ဝင်နေတဲ့ လူစားမျိုး မဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ၈ နှစ်က ကာလကတ္တား အချုပ်ခန်းမှာ ကျုပ်နဲ့အတူ အချုပ်ခံနေရတဲ့ မြန်မာမူဆလင် မောင်ကာစင်တောင် မြန်မာအမျိုးသားစိတ် ရှိနေတာကို ကျုပ်သိခဲ့ရဖူးတယ်။
မောင်ကာစင်ဟာ ဂွါလန္ဒိုရ်မြို့မှာ (လူ့စပါးကြီး) ခေါ်တဲ့ ကုလားတစ်ယောက်ရဲ့ စက်ကွင်းကျ ရောက်ပြီးနေရတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခကို သူ မကြည့်ရက်နိုင်ဘူး။ ဒို့မြန်မာမကို ကုလားက နှိပ်စက်ရမလားဆိုပြီး မခံချင်ရှာဘူး။
မြန်မာဘက်က သူနာတယ် ၊ သူ့ရုပ်က ကုလားရုပ် ပေါက်နေပေမယ့် စိတ်က မြန်မာ သံယော စဉ် ရှိတယ်။ ဒါပေသည့် သူလည်း ဒီမြန်မာအမျိုးသမီးကို မကယ်နိုင်ဘူး ။
ဒါနဲ့ မောင်ကာစင်က ကျုပ်ကိုပြောပြတယ်။ ဒီဒကာမအတွက် ကျုပ်ကရုဏာသက် လိုက်တာ လေ ကိုယ့်မှာလည်း ဒုက္ခတွေကြားထဲကအားခဲပြီး သူ့ကို ကယ်တင်ခဲ့ရသေးတယ်။ သာမည ကရုဏာနဲ့ ဒီလိုလူတွေရဲ့ ကိစ္စမှာ ဒုက္ခမခံဘူး ။ ကျုပ်က ရဟန်းမဟုတ်လား၊ ကျုပ်နှမငယ် ကျုပ်သွေး သားအရင်းလို ကရုဏာသက်လို့သာ မဖြစ်ဖြစ်အောင် အချုပ်ခံနေရတဲ့ ဒုက္ခတန်းလန်းနဲ့ ကြားထဲမှာဘဲ အောင်မြင်အောင် ကြိုးစားခဲ့တာပဲ။ အဲဒီအကြောင်း ဒကာကြီးဝတ္ထုရေးချင်ရင် ကျုပ် ပြောမယ် …….
‘ ရေးချင်ပါတယ် ဘုရား အထူးသဖြင့် အချစ်ဝတ္ထုတွေကိုရေးရတာထက် ဒီလို အမျိုးဘာသာအတွက် အကျိုးများနိုင်တဲ့ အကြောင်းမျိုးတွေသာ ရေးချင်စိတ်သန်နေပါတယ်ဘုရား ။ ‘
2009-03-04
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-