2009-03-04

ကိုယ့်ပြည်မှာ ကိုယ့်လူမျိုး ပျောက်ကွယ်မှာစိုးလို့ ရေး တာ

အော် ဦးနာရဒဟု စိတ်မှရွတ်ရင်း ဘုရားလောင်း နာရဒဇာတ်တော်မှ နာရဒအရှင်မြတ်ကို ဖြတ် ကနဲ သတိရမိသောဟူ၏။ကြည်ညိုစိတ်ဖြင့် ဦးခိုက်ကန်တော့ကာ ဆွမ်းလုပ်ကျွေးပြီးစီးပြီးနောက် အလ္လာပ သလ္လာပ စကြတော့သည်။
“ဒကာကြီးစာတွေ ဘုန်းကြီးဖတ်ရတာ များတယ်။ တစ်ခါက ရှုမဝမှာ ဖတ်ရတဲ့ ဝတ္ထုတွေမှာ အမျိုးသားစိတ် ပြင်းထန်နေတဲ့ ဒကာကြီး သဘောတွေ များများပါတယ်။”
“တင်ပါ ရှုမဝမှာ ဖတ်ဖူးတာဆိုရင် “သွေးနဲ့ရေးတဲ့စာ ”၊“ဗိုလ်ကန့်လန့် ”၊ သူ့လက်ဆောင် ဆိုတဲ့ ဝတ္ထုသုံးပုဒ် ဖြစ်ပါလိမ့်မယ်။ ”
“အေး- ဟုတ်လိမ့် ထင်ပါရဲ့၊ မေ့တေ့တေ့ ဖြစ်နေပါပြီ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒကာကြီးကို မူဆလင်ဘာသာဝင်များက ဆူကြပူကြသေးတယ်လို့လဲ ကြားတယ် ”။
“ မှန်ပါတယ်၊ တပည့်တော်ကို ကျောက်ဆည်တို့ မန္တလေးတို့က ရှုံချပွဲများ လုပ်ပါတယ်။ တပည့်တော်ရေးတဲ့ ဝတ္ထုပါတဲ့ မဂ္ဂဇင်းတွေကို မီးတိုက်ဖို့တောင် ကြိုးစားကြတယ်။ ဒါပေမယ့် တပည့် တော် မလှုပ်ရှားခဲ့ပါဘူးဘုရား။ တပည့်တော်ဟာ ကိုယ့်ပြည်မှာ ကိုယ့်လူမျိုး ပျောက်ကွယ်မှာစိုးလို့ ရေး တာပဲဟာ သူတို့က တပည့်တော်ကို (ရွှေဒုံးဘီအောင် ဆိုသူသည် အစ္စလာမ်တရားတော်ကြီးကို မသိ နားမလည်ဘဲနဲ့) ဆိုတဲ့ စာအစချီပြီး နောက်ဆုံးမှာ (ဘယ်လိုအရေးယူပြီ )ဆိုတဲ့ စာတွေ တပည့်တော် ထံ ပို့တယ်။
ဒါလဲ တပည့်တော် ဘယ်ဖြုံမလဲ ကိုယ့်အမျိုးသမီးတွေအတွက် အမျိုးကို စောင့်ထိန်းကြဖို့၊ ကိုယ့်အမျိုးဘာသာကို မဖျက်ဖို့ မျိုးကွဲဘာသာကွဲ ယူရင်လဲ အမျိုးသမီးအကျိုးကို ကာကွယ်မည်။ ထိမ်းမြားရေး ဥပဒေ ရှိသင့် ရှိအပ်ကြောင်းဆိုတာတွေကို ရေးတာ။ သူတို့က ဘာသာရေးနဲ့ ဆွဲယူပြီး ကြိမ်းကြ မောင်းကြပေမယ့် တပည့်တော် ပင်ကိုယ်စိတ်ထားကိုက သူတစ်ပါး ယုံကြည်ကိုးကွယ်တဲ့ ဘယ်ဘာသာမဆို ပုတ်ခတ်ပြောဆိုလိုတဲ့စိတ် အလျင်းမထားတဲ့သူကလား။”
သူတို့ဘာသာဟာ မကောင်းဘူး ကောင်းတယ်၊ မှန်တယ်မှားတယ် ဘာမှ မရေးရဘဲနဲ့ သူတို့ ဖာသာ သူတို့ ဘာသာရေးနဲ့ လူမျိုးရေး ဆက်စပ်နေတိုင်း သူတို့ ဘာသာရေးကို တပည့်တော်က စော်ကားသလို သူတို့ ပြောပေမယ့် တပည့်တော် ရယ်တာပေါ့ ”
“ ကိုယ့်ပြည်ကိုယ့်မြေမှာ ကိုယ့်နှမသားချင်း အမျိုးသမီးတွေကို အမျိုးမဖျက်ဖို့ ရေးတာ၊ ပြောတာ၊ သတိပေးတာကို မရေးရ၊ မပြောရ၊ သတိမပေးရ ဆိုတဲ့ သဘောရောက်အောင် နှုတ်ပိတ်ချင်တာ တပည့် တော် ဘယ်ခံမလဲ ” ။
“ ဒီကိစ္စနဲ့ပတ်သက်လာရင် တပည့်တော် အသေခံဖို့ အသင့်ရှိနေပါတယ် ”။ ဦးနာရဒကိုယ်တော် သည် ပြုံးတော်မူသည်။ တစ်ဖန် ဆက်လက်၍ -
“ ရန်ကုန် ဗ-မ-က, က အရေးယူသေးဆို ” ၊ “တင်ပါ့ ရန်ကုန် ဗ-မ-က (မြန်မာမူဆလင် အဖွဲ့ ချုပ်) ကတော့ သဘောထား ကျယ်ပြန့်ပါတယ်။ သဘောထား ကျယ်ပြန့်ရေးအင်အား နည်းနေသေးတဲ့ နယ် ဗ-မ-က တွေနဲ့ ညီညွှတ်မှု ရရှိအောင် ရည်ရွယ်ပြီး တပည့်တော်နဲ့ ပုံနှိပ်ထုတ်ဝေသူ ဦးကျော်ကို လက်ဖက်ရည်သောက် ဖိတ်ရင်း ဆွေးနွေးကြတာပါပဲ” ။ “ရန်ကုန် ဗ-မ-က က အပြစ်ပြောတာ တစ်ခုက တော့ ဒီဝတ္ထုမှာ အမျိုးကို စောင့်တဲ့ သဘောနဲ့ ရေးသားထားတာကို မဆိုလိုပါဘူးတဲ့၊ သို့သော်လည်း ဗ-မ-ကကို ထိပါးတဲ့ အဓိပ္ပာယ် သက်ဝင်နေတဲ့ စာပိုဒ်အတွက် ဖြုတ်ဖို့ ပြောပါတယ် ”။
“ ဒီစာပိုဒ် အဓိပ္ပာယ် အတိုချုပ်ကတော့(မြန်မာမူဆလင်တွေဟာမြန်မာလို့ဆိုပြီးမြန်မာအမျိုးသမီး လက်ထပ်ထိမ်းမြားရေး ဥပဒေနှင့် ပတ်သက်ပြီး ဝင်ကူညီကြဖို့ ကောင်းတယ်။ အပြောနဲ့အလုပ်ခါးတောင်း ကြိုက် တစ်ခြား ဟိုဒင်းတစ်ခြားဆိုတာလို ဖြစ်နေတယ်)ဆိုတဲ့ အဓိပ္ပာယ်တွေကို မှားပါတယ်လို့ တပည့် တော်နဲ့ တပည့်တော်က န်ချစေချင်တယ်။ ဝန်ချစရာ အကြောင်းမှ မဟုတ်ပါဘဲနဲ့ တပည့်တော်ကလည်း သေတောင်မချဘူး၊ သူတို့ကို ညီအစ်ကို ဝမ်းကွဲလို သဘောထားပြီး ကိုယ့်ညီအစ်ကိုချင်း ဝင်မကူညီ ကောင်းလားလို့ အကူအညီ မပေးမနေရအောင် ထေ့တာကလေးများ ဆတ်ဆတ်ခါနေရင် တပည့်တော် ဟာ သူတို့နဲ့ ညီအစ်ကိုအဖြစ်က ပြတ်စဲရလိမ့်မယ်။ သူတို့ဟာ တပည့်တော်နဲ့ ညီအစ်ကိုစိတ် သွေးတူသား တူစိတ် ရှိတယ်လို့ တပည့်တော် စိတ်ချနေတာကိုး ဘုရား၊ ခုတော့ ဘာသာရေးမျက်မှန် တပ်ထားလို့သာ တပည့်တော်ကို သူတို့ သွေးချင်းသားချင်းဖြစ်ရက်နဲ့ စိမ်းတာပဲလို့တောင် အဲသည်တုံးက ယူဆမိပါသေး တယ်။ တပည့်တော် ထင်တာကတော့ သူတို့ဟာ မြန်မာမူဆလင်ပေမယ့် ဆိုရှယ်လစ် နိုင်ငံတော် တည် ဆောက်ရာမျာသူတို့(ဗ-မ-က )တွေကပါ အားတိုက် ခွန်တိုက် ပါဝင်ကူညီကြတာမို့ သူတို့ဟာလူမျိုးရေးနဲ့ ဘာသာရေးကို ရောစပ်မယ့် လူတွေ မဟုတ်ဘူးလို့ ယုံကြည်ရင်းစွဲ တစ်ခုရှိနေပါတယ်။
ခုတော့ သူတို့အတွင်းရေးမှူးလုပ်တဲ့ မောင်ကြွယ်ဝ (ခု-တောခိုသွားပါပြီ) အဲ သူဟာ MARX ဝါဒ သမားလို့ တပည့်တော် သိဖူး ကြားဖူးပါရက်နဲ့ တပည့်တော်ကို သူက ထိမ်းမြားလက်ထပ်ရေးမှာ အရှင်မိုဟာမက် ကိုယ်တော်က ဘယ့်နှယ် ဘယ်သို့ အစ္စလမ်တရားတော်က ဘယ်လိုနဲ့ဘာသာရေး စကား တွေဖောင်ဖောင်လန်အောင်ပြောပြီး နောက်ဆုံး စေတနာနဲ့ မှားကြောင်း၊ ဝန်ခံတဲ့သဘောနဲ့ တပည့်တော်ကို လက်မှတ်ထိုးခိုင်းတယ်၊ အောင့်လိုက်တာဘုရား ”
“ ဒါဖြင့် ထိုးခဲ့ရတာပေါ့ ”
“ ဟာ တပည့်တော် မြိတ်မထိုး၊ထားဝယ်မထိုးပေါ့ ဘုရား။ တပည့်တော်ကလည်း ကိုယ့်ဒေါသ ကိုယ်သိတော့ ကြာရင်မဖြစ်ဘူးဆိုပြီး အလိမ္မာနဲ့ပဲ ကျုပ်စဉ်းစားဦးမယ်ဆိုပြီးသာ ပြန်ခဲ့တာပဲ။သူတို့တစ် တွေကတော့ တပည့်တော်တို့ကပဲ မှားကြောင်းဝန်ချတောင်းပန်သလိုလို ကြေငြာတယ်လို့ ကြားတယ်။ တပည့်တော်လျှာမရှည်တော့ဘူး ”။
“နေပါဦး ဒကာကြီး နှစ်သက်တာက (ဆိုရှယ်လစ်ဇင်းလား) (နေရှင်နယ်လစ်ဇင်းလား)(နေရှင် နယ် ဆိုရှယ်လစ်ဇင်း)လား”။ “ တပည့်တော်ဟာ (SPIRTUAL WELFARE) သံသရာဘဝ ကောင်းရေး အတွက် ဗုဒ္ခဘာသာကို ဦးထိပ်ရွက်ပေမယ့် (ွှTEMPORAL WELFARE ) ခေါ်တဲ့ ပစ္စုပ္ပန်ဘဝ ကောင်းရေးအတွက်တော့ (ဆိုရှယ်လစ်ဇင်း) ကို တောင်ဝှေးအဖြစ် သုံးပါတယ် ”။
“ ဒါဖြင့် ဆိုရှယ်လစ်ဇင်း သုံးရက်နဲ့ လူတစ်မျိုးနဲ့ တစ်မျိုးသွေးကွဲစေတတ်တဲ့ ကိုယ့်လူမျိုးရေး နေရှင်နယ်လစ်ဇင်းတွေ ဘာကြောင့် ရေးရေးနေရသတုံး ” ဟု ပြုံးပြုံးမိန့်တော်မူသည်။
“ တပည့်တော်တို့အပေါ်မှာ ဘာသာရေး လက်ကိုင်ထားတဲ့ လူမျိုးတွေအတွက် သီးသန့်နေရှင် နယ်လစ်ဇင်းဆိုတဲ့ လူမျိုးရေးကို တပည့်တော် အသုံးပြုတာပါ။ ဒါက ဒီလိုပါဘုရား၊ ဘုန်းကြီးဟာကျတော့ ပေးလားကမ်းလား။ ဒကာဟာ့ကျတော့ မူးတင်း ပဲတင်း ဆိုတာလို ကိုယ်ကတော့ ဘာသာရေးအရရော
ဆိုရှယ်လစ်ဇင်းအရရော ဘာသာမရွေး လူမျိုးမခွဲ အဆင့်အတန်း မခြားနားဘဲ ပေးလား၊ ကမ်းလား ၊ အတားအဆီးမရှိ.....
သူတို့ကျတော့ သူတို့လူမျိုးအစစ်က ပေါက်ပွားတာမပြောနဲ့ ၊ တိုင်းရင်းသူနဲ့ညားတဲ့ ကပြား အမျိုး သမီးကိုတောင်မှ အခြားဘာသာ အခြားလူမျိုးက မျက်မွှေးထော်လော် မော်မကြည့်ရအောင် ဘာသာဆို တဲ့ သံကန့်လန့်ကာကြီးနဲ့ အုပ်ထားတယ်။ သူတို့သွေးပါတဲ့ သူတို့ဘာသာဝင် အမျိုးသမီးတွေကလဲ အလွန် ချီးမွမ်းထိုက်ပါတယ်။ လိမ္မာကြပါတယ်။ အဘမျိုးဘက်ကို အစစအရာရာ လေးစားကြပါတယ်။ ”
“ တပည့်တော်တို့ အမျိုးသမီးတွေကတော့ အားနားပြီး နှလုံးကောင်းလွန်းလို့ အမ်ျိုးဘဲပျောက် တော့မယ်။ ဒီတော့ ကိုယ့်ဘက်ကချည်းပဲ သူတို့ အမျိုးသမီးတွေ ပေးနေသ၍ သူတို့ဘက်ကချည်းပဲ ကိုယ့်အမျိုးသမီးတွေကို ယူနေသ၍ အပေးအယူ ချိန်ခွင်ဇောက်ထိုးဖြစ်နေသ၍ သူတို့အပေါ်မှာ တပည့် တော် (နေရှင်နယ်လစ်ဇင်း) ဆိုတဲ့ လူမျိုးရေးကို (ဒိုင်း)အဖြစ်နဲ့ ကာကွယ်အသုံးးပြုနေရတာပါဘုရား.....
လူမျိုးရေးနဲ့ ဘာသာရေး ပူးတွဲရောယှက်တဲ့ သံကွန်ချာကြီး ဆောင်းထားတဲ့ ဘယ်လူမျိုးကိုမဆို တပည့်တော်ကလည်း တပည့်တော်တို့ရဲ့ လူမျိုးရေးနဲ့ဘာသာရေး ပူးတွဲရောယှက်ထားတဲ့ သူတို့နဲ့ အလားတူ သံကွန်ချာမျိုး မဟုတ်နိုင်တောင် (နေရှင်နယ်လစ်ဇင်း)ဆိုတဲ့ ကြခတ်ဝါးစည်းရိုးလောက်တော့ ကာမှဖြစ်မှာ။ ဒီကြားထဲကတောင် ကိုယ့်နွားမတွေက ခုန်ခုန်ထွက်လို့ ကိုယ့်နွားမပျောက်တိုင်း မျိုးကွဲ နွား သိုးတွေခြံမှာ ရောက်ရောက်နေတာ တွေ့နေရတယ် မဟုတ်လား ဘုရား ”
“တကယ်ပါဘုရား မြန်မာပြည်မှာ မှီတင်းနေထိုင်သမျှ ဘယ်လူမျိုးကွဲမဆို လာစမ်းပါ၊ မြန်မာတွေ နဲ့ အိမ်ထောင်ရေး အပြန်အလှန် အပေးအယူ ညီကြစမ်းပါ၊အမျိုးချင်းဆက်ပြီး ဘာသာရေးမှာ ကိုယ် ကြိုက်ရာ ယြုံကည်ရာ လွတ်လပ်စွာ ယူနိုင်တယ်လို့သာ “ ဆိုရှယ်လစ်” သဘောတွေ သုံးကြမယ်ဆိုရင် တပည့်တော်တို့ အမျိုးသမီးများ ဗမာ၊ ရှမ်း၊ မွန်၊ ရခိုင်၊ ကရင်၊ ဂျင်းဖော၊ ကယား၊ချင်း တွေရှိတယ်။ သူတို့ လူမျိုးခြားများက ယူကြစမ်းပါ၊ ရက်ရက်ရောရော သဘောတူရုံမကဘူး အနှစ် ၃၀ က သေသွားတဲ့ ဖွားအေကို လိုချင်တောင် တပည့်တော်ဟာ သင်္ချုံင်းရှာတူးပြီး အသက်သွင်းလို့ရရင် အသက်သွင်းပြီး ပေး ပါတယ်။ ကဲ စကားကုန်ရော ဘုရား……”။

2 comments:

  1. ငါလိုး မသား ဗုဒ္ဓဘာသာ အစွန်းရောက်များ

    ReplyDelete
  2. အဲသလောက်တောင် ကြောက်ရသလားကွယ်-
    http://islaminmyanmar.blogspot.de/2012/03/blog-post.html

    http://islaminmyanmar.blogspot.de/2012/03/blog-post_12.html

    ReplyDelete

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-