2009-03-04

ရွှေဒုံးဘီအောင် ကိုယ်တော့် ကရုဏာ

ရွှေဒုံးဘီအောင် ကိုယ်တော့် ကရုဏာ

ဤမည်သော ̏ ကိုယ်တော့် ကရုဏာ ” ခေါ် တကယ့် အစစ်ဖြစ်ပျက်သည့် ဝတ္ထုကို ရေးသား နိုင်ရန် အကြောင်းစတင်ပေါ်ပေါက်လာခဲ့သည်မှာ -
ရန်ကုန်မြို့၌ လေတွေ မိုးတွေ သောင်းကြမ်းပြီး နောက်နေ့တွင်လည်း ရာသီဥတု မကြည်၊ ရာသီ မကြည်လင်သောကြောင့် မိုးကောင်းကင်ကလည်း မှုန်မှိုင်းအုံ့ဆိုင်းနေသလို စိတ်ဥတု အာဟာရပေါ်တွင် မှီနေသော ကျွန်ုပ်အဖို့တွင် ဥတုမသာယာသလို စိတ်ဓာတ်လည်း မသာယာ ခန္ဓာထိုင်းနေသည်ကို သက် သာစိမ့်သောငှာ မိမိခန္ဓာကို ခေါင်းဆောင်နေသော စိတ်အား သာယာကြည်လင်လာအောင် ဖြေဖျော်မှုကို ရှာရတော့သည်။
ယခု အသက်အရွယ် ကြီးလာချိန်တွင် မိမိစိတ်ကို ဖြေဖျော်မှုအားဆေးမှာ စာအုပ်စာတမ်းများ ဖတ်ရှုခြင်းပင် ဖြစ်၏။ ထို့ကြောင့် လက်လှမ်းမှီသော စာအုပ်ကို ဆွဲယူဖတ်ရှုရာ ထိုစာအုပ်မှာ အခြား မဟုတ်ပါ “ မေဃဝတီ ဦးနာရဒ၏ ဗုဒ္ဓ သမိုင်း ” ပင်ဖြစ်ပါသည်။အိန္ဒိယတွင် ဗုဒ္ဓ ဘာသာ မည်ကဲ့သို့ တိမ်ကောရေကြောင်း မည်သူတွေက အစပျောက်အောင် ဖျက်ဆီးကြကြောင်းတို့ကို ရာဇဝင် မဟာဝင် ရှေးဟောင်းမှတ်တမ်း အမျိုးမျိုးတို့ကို အကိုးအကားဖြင့် ရေးသားဖော်ပြထားလေသည်။ ကျွန်တော်တို့ ဖတ်ဖူး သိဖူးသည်ထက် ပိုမိုစုံလင်ပါသည်။ ဖတ်ရင် ဖတ်ရင်းပင် ထိုင်းနေသော စိတ်သည်ထောင် ထောင်း ထလာလေပြီ ။ ထုံနေသော ကိုယ်ခန္ဒ္ဓာမှ သွေးများလည်း ပူနွေး လာပေသည်။
ဤစာအုပ်တွင် ရေးသားထားသည့် ပုဒ် ၊ ပဒ ၊ ဝါကျများကား စာအုပ်ပြုသူ၏ နှလုံးသည်းပွတ် ကြားမှ ဖြစ်ပေါ်လာသော ကိုယ်တော့်ကရုဏာဖြင့် ဗုဒ္ဓ ဘာသာဝင်များ သိစေကြားစေ မမေ့မလျော့ မပေါ့မလစ်သော သတိဖြင့် ပြည့်စုံ ကြစေရေးတို့ကို ရှေးရှု၍ အပတ်တကုတ် ရှာဖွေပြုစုထားသော အဆီ အနှစ်တို့ဖြင့် ပြည့်လျှမ်းလျှက် ရှိ၏။
“ အော်- ကိုယ်တော့် ကရုဏာ-- ကိုယ်တော့် ကရုဏာ ” ဟူ၍ပင် အမှတ်မထင် မြွက်မိပါ တော့သည်။ ဤကား ပဏာမ ( ကိုယ်တော့် ကရုဏာ )တည်း။
ဤအချိန်တွင် ဓာတ်ပုံဆရာ မောင်မြင့်သိန်းနှင့် အပေါင်းအဖော်များ လာကြသဖြင့် စာအုပ်ကို ပြန်ချကာ အလ္လာပ သလ္လာပပြောကြရာမှ-
သီဟိုဠ်က စာရိတ္တမြှင့်တင်ရေး ညီလာခံမှ ဗုဒ္ဓဘာသာကို မညိမ်းသာ ရမ်းခဲ့တာ ဆရာ မအောင့်ဘူးလား ”
ငါတော့ သတင်းစာတွေမှာ ဖတ်ရတဲ့အတိုင်း မှန်မမှန် စောင့်နားထောင်နေသေးတာပဲ။ ဒါပေမယ့်ကွာ ငါတော့ ဒို့အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အောင့်ရတာတွေ များလွန်းလို့ ခံနိုင်ရည် ရှိနေပြီ။ အင်မတန် တိုးတက်ပြီး ဒီမိုကရေစီစကား ရေပန်းစားနေတဲ့ ဒီခေတ် ဒီအခါမှာ ဗုဒ္ဓ ဘာသာ မဟုတ်တဲ့နိုင်ငံခြားသား နိုင်ငံခြားသူတွေတောင် လူပုံအလယ်မှာ ဗုဒ္ဓ ဘာသာကို နှုတ်၏ပြစ်မှားခြင်း ပင်မပြစ်မှားမထိခိုက်ကြဘူး။ မိမိယုံကြည်ဆည်းကပ်ရာဘာသာ၏ ကောင်းကြောင်းကိုသာ အနှောင့် အသွား လွတ်လွတ် ပြောဆိုကြတာသာ ကြားရတယ်။
အဲသလိုဘာသာကွဲ လူမျိုးခြားများက ယဉ်ကျေးကြသလောက် ဒို့အမျိုးသား အမျိုးသမီးတွေ ကျမှဘဲဘာသာကွဲတာနဲ့ တပြိုင်နက်ထဲ ကိုယ်ယုံကြည်ရာကိုယ် ကိုးကွယ်မနေဘဲ ကိုယ့်ဘိုးဘွား ဘီဘင် လက်ထက်ကတည်းက အခြေအမြစ်ခိုင်မြဲစွာနှင့် ယခုတိုင် ရာခိုင်နှုန်းအများဆုံး ကိုးကွယ်ရာ ပြည်ထောင်စု၏အဓိက ဘာသာကြီးကို ကိုယ့်အမျိုးသားတွေရဲ့ မျက်နှာကိုမှမထောက် အိမ်ကြက်ချင်း ဘာသာရေး အရောင်အဆင်းကွဲတာနဲ့ ခွတ်ချင်ကြတယ်။ ကိုယ့်အချင်းချင်း နှပ်နဲ့ ပစ်ချင်ကြတယ်။ ဒို့ဘာသာကို ထိပါးရဲတဲ့ ဒို့အမျိုးသမီးကွလို့သာ ကိုယ့်ရင်ပတ်ကိုယ်ထုကြဖို့ပဲ ရှိတော့တယ်။ သေသေ ချာချာ တွေးကြည့်တော့ မညိမ်းသာ မိန်းမသားဆိုတော့ အဆင့်အတန်း အနိမ့်အမြင့် ယောက်ျားများ နှင့် အတန်းတူ အောင် တစ်ချို့တလေ လိုက်နိုင်ပေလိမ့်မယ်။
ဒီတော့ ရှင်းအောင် ပြောရရင် မိန်းမဆိုတာ ဘယ်လိုလူမျိုးဖြစ်ဖြစ် အများအားဖြင့် ဝန်တိုခြင်း၊ ညူစူခြင်း၊ စောင်းမြောင်းခြင်းစတဲ့ စိတ်ညံ့ စိတ်နုတ်နေရာမျိုးမှာ ယောက်ျားတွေ စိတ်ညံ့တာ၊ နုတ်တာ ထက် အဆများစွာ သာတယ်ဆိုတာ ထင်ရှားနေတော့ -
ယခု မညိမ်းသာဟာ မိန်းမလဲဖြစ်တယ်။ မိန်းမဖြစ်တာမှာ တရုတ်- ကုလား- မျက်နှာဖြူစတဲ့ အခြားမျိုးကွဲမိန်းမတွေနဲ့ မတူဗိန္ဓု ဖြစ်နေလောက်အောင်ကိုဘဲ မျိုးချစ်စိတ်ဓာတ် ခေါင်းပါးလေ့ရှိကြတဲ့
ဒို့မြန်မာမကလဲ ဖြစ်တော့ ဟာ ငါ့လခွမ်း ပြောရင်း စိတ်ပျက်လာပါတယ်ကွာ။ အသားထဲက လောက် ထွက် ဆိုတာ ဒါပေါ့။ ကြံကိုဖျက်တဲ့ပိုးဟာ ကြံထဲမှာဘဲ သန္ဓေတည်တယ်၊ ငရုတ်သီးဖျက်တဲ့ပိုးဟာ ငရုတ် သီးထဲမှာဘဲ ဖြစ်လာတယ်။ ဒို့မြန်မာလူမျိုးကို မျက်နှာဖျက်တဲ့သူ၊ အိုးမဲသုတ်မဲ့ သတ္တဝါဟာလည်း ဒို့မြန်မာ အမျိုးသား.၊အမျိုးသမီးထဲကပဲဖြစ်ရမယ်ဆိုတာ သံဝေဂရကြပေါ့။ အရင်လည်း ဒို့မြန်မာထဲက ဘာသာကွဲ ရွှေမီးကြောင့် တိုင်းပြည်မှာ ဒုက္ခဖြစ်ခဲ့ရပြီ။
ဒီတော့အမျိုးကိုစောင့်တဲ့ အမျိုးသမီးကို ချွင်းချန်ပြီး အချို့ယေဘူယျအားဖြင့် ဒို့မြန်မာ အမျိုးသမီးတွေအကြောင်း မင်းတို့လဲအသိသားနဲ့ကွာ။ ကုလားမယားဖြစ်နေကြတဲ့ ဒို့အမျိုးသမီးတွေ မင်းကြည့်ပါလား၊ လင်(ကုလားစစ်)ထက် မယားလုပ်သူ (ကုလားထစ်)က ပိုပြီး ကုလားစိတ်ဝင်သေး တယ်။ မောင်မြင့်သိန်းတို့ လူစုဝါးကနဲ ရယ်ကြပါသည်။ ကဲ- ဒီတော့ တော်ကြပါစို့ကွာ။ စည်းကမ်း ဖောက်တဲ့ ဒို့ အမျိုးသမီးတွေအကြောင်း ပြောရတာ မောလွန်းလို့ စည်းကမ်းရှိ အမျိုးဘာသာစောင့်တဲ့ အမျိုးသမီးတွေ ကို ငါအားနာပါတယ်။ ငါးခုန်းမတွေကြောင့် တစ်လှေလုံး ငါးတွေကို ထိခိုက်နေပါမယ်။
နောက်ဆုံး ငါ့အဖို့ကတော့ ကိုယ်အမျိုးမစောင့်တဲ့ အမျိုးသမီးတွေအတွက် (တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါ ဆဲချင်တော့လေ။) ဆိုတဲ့ စာလို ဖြစ်နေရတာ များလွန်းလို့ အရိုးနာဝေဒနာတွေ ခံစားနေကြ ထုသားပေသားကို ကျနေတဲ့ရွှေဒုံးကိုမင်းက မညိမ်းသာအတွက် မအောင့်ဘူးလား ဆိုတာ မေးတော့ ဒီလို အောင့်ရတဲ့ ဝေဒနာလောက်များ (ငအောင်)တို့က အပျော့ပေါ့ကွာ။
ခုလဲ ဗုဒ္ဓ ဘာသာ၏ မူလချက်ချာဖြစ်တဲ့ အိန္ဒိယမှာ ဗုဒ္ဓ သာသနာ တိမ်ကောရပုံတွေကို ဦးနာရဒ ရေးတဲ့ ဗုဒ္ဓ သမိုင်း ငါဖတ်လို့ စိတ်ထိခိုက်နေရတဲ့ အထဲ မင်းတို့က ရှင်ညိမ်းသာရဲ့ ဧဝံဂေလ် တရားတော် အကြောင်း ကြံကြံဖန်ဖန် လာပြီး (စ)ကြသကိုးကွ ”
မောင်မြင့်သိန်းက ကြားဖြတ်၍
အော် ဆရာ ဦးနာရဒဆိုလို့ ဒီကိုယ်တော်နဲ့ ကျွန်တော်နဲ့ သိကျွမ်းတယ်၊ ဆရာအကြောင်း သူက မေးတယ်၊ ဆရာ့ကို သူအလွန်တွေ့ချင်တယ်၊ ပို့ပေးစမ်းပါလို့ ပြောဖူးတယ်။ ”
“ ဟာ ငါကလဲ ပါကစ္စတန်မှာ ဒီကိုယ်တော် အချုပ်ခံရတာ ကျွန်း ကိစ္စတွေမှာ ဒီကိုယ်တော် ကရုဏာထားတာတွေ သတင်းစာတွေမှာ ဖတ်ရကတည်းက ဒီကိုယ်တော်ကို ဖူးချင်လိုက်တာမှ လွန်ပါ ရောကြွတော်မူပါလို့ ငါကပင့်လိုက်ကြောင်း လျှောက်လိုက်စမ်း ”
“ ကောင်းပါပြီ ဆရာ၊ နက်ဖြန် ကိုယ်တော့်ကို ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပါမယ် ” ဟု ပြောဆို ကြပြီးနောက် မောင်မြင့်သိန်းတို့ကို နှုတ်ဆက်ပြီး ပြန်ကြသည်။
ကျွန်တော့်အဖို့မှာ ကိုင်းယက်တဲ့ ပက်ကလာ၊မိုးရွာတာနဲ့ အခန့်သင့်သဖြင့် ဝမ်းသာ၍ မဆုံးတော့ပြီ။ နောက်တစ်နေ့တွင် -
ဦးနာရဒ ကိုယ်တော် ကြွလာပြီ၊ အသက်(၃၀)ကျော်အရွယ် ထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားကောင်းတို့ လက္ခဏာပီသသော ကိုယ်တော်ပေတည်း။
ကိုယ်တော်သည် သံသရာမှ လွတ်ရေးအတွက် လူ့ဘောင်မှ ထွက်ရှောင်ခဲ့သော်လည်း အလောင်းအလျာတို့၏ ထားနေကြစိတ်အတိုင်း၊ အမျိုးဘာသာ သာသနာ ပျောက်သုဉ်း ဆိတ်ကွယ် ခြင်းကို လျစ်လျူမပြုနိုင်သော ဇောထက်သန်နေသော ပုဂ္ဂိလ်ထူး ဖြစ်ရကား ကိုယ်တော်၏ အကျိုး တည်းဟူသော ဘဝသုံးပါးမှ လွတ်မြောက်ရေးကို ကြိုးစားနေရသည့်ကြားမှ ဘာသာကွဲနိုင်ငံ အလံ တော်အောက်ရှိ ကိုယ့်မြန်မာ အမျိုးဘာသာအကျိုး လောကီကိစ္စတို့ကိုပါ စွက်ဖက်လုပ်ကိုင်နေရခြင်း တို့ကြောင့် တစ်နိုင်ငံ၏ ထောင်နန်းနှောင်အိမ်အတွင်း သီတင်းသုံးခဲ့ရှာပါလေတကား။ အမျိုးဘာသာ သာသနာအပေါ်တွင် “ကိုယ်တော်၏ကရုဏာ” ကား အလောင်းအလျာတို့၏ ကရုဏာပါတကား။

No comments:

Post a Comment

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-