2009-03-04

အလှည့်ကျမယား လုပ်စေပါတယ်

“ အဲ့သည်နောက်ကို သူ့ညီအတွက်ပါ အလှည့်ကျမယား လုပ်စေပါတယ်။ ”
နောက် သူ့အဖေ ကုလားအိုကြီးရောက်လာပြန်တော့လည်း ဖအေကုလားကြီးအတွက် အသုံးတော် ခံရပြန်တယ်။အဲဒီ ကုလားကြီးကျမှဘဲ ပြောရတာ ရှက်လည်း ရှက်ပါတယ် ဘုရား။ တပည့်တော်မ အသည်းထိအောင် ခံစာဒရတာတွေ ဖွင့်ချချင်လွန်းလို့ ပြောရတာမို့ ဖဝါးနဲ့နာ တော်မူပါဘုရား။ အဲဒီ ကာမဂုဏ်အရာ ယူတ်မာတာ လောကမှာရှိမယ်တောင် မထင်ပါဘူး။ခွေးနဲ့ဝက်နဲ့ အတူပါဘုရား။ အသက်နှင့်မမျှအောင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဇရာအိုကြီးပါဘုရား ထမင်းစားချိန်ပဲ ချန်လှပ်ပြီး ညဥ့်နက်မှ ဝင်အိပ်ရတဲ့ဘဝအထိ ကုလားသားအဖ တစ်တွေရဲ့ ရေအိုးစင်အဖြစ် ဒုက္ခခံခဲ့ရပါ တယ်ဘုရား။ အိမ်ထဲက အိမ်ပြင်တောင် ထွက်ခွင့် မပြုတော့ဘူး။
တိုတိုပြောရရင် နောက်မကြာခင်ဘဲ ဂွါလန္ဒိုရ်မှာ ဆိုင်တယ်မယ်ဆိုပြီး တပည့်တော်မကို ခေါ်လာပြီး ကုလားမျိုးစုံနဲ့ ပိုက်ဆံရှာရတဲ့ဘဝရောက်ခဲ့ရပါတယ်။ ဒီဘဝကို ပို့ပြီး ငွေရှာမှာမို့ တပည့် တော်မကို သူတို့သားအဖတွေ အားရပါးရ မျိုကြဝါးကြတာပါကလားလို့ တပည့်တောာ်မ ဟီးချပြီး ငိုရတဲ့ ရက်ပေါင်းများပါပြီ။ ကယ်မဲ့သူ ဝေးနေရတဲ့ ဘဝမှာ ဘရူးဝါးကျောင်းမှာ ဘုရားကို ဆုတောင်းခဲ့တာ ပြည့်တယ်လို့ မှတ်ရလောက်အောင် ခုလို အရှင်ဘုရား ရောက်လာခြင်းပါပဲ။ တပည့်တော်မကို ကယ်တော်မူပါဘုရား၊ပစ်မထားပါနဲ့ ဘုရား။ ” လို့ပြောပြီး ပဥöမအကြမ်မြောက် မချိမဆန့် ရှိုက် ကြီးတ
ငင် ငိုလိုက်တာဟာ ပန်ချာပီတွေရော ဘုန်းကြီးရော သည်းမခံနိုင်တော့ဘူး။ ပြောင်ပြောင်ပဲ မျက်ရည် သုတ် နှပ်ရည်ညှစ်ကြရတော့တာပဲ။
သို့သော်လည်း ဘုန်းကြီးကတော့ ရာဇဝင်ထောင် နိုင်ငံရေးအကျဉ်းသမားဖြစ်နေတော့ ခင်ညွှန့်နွယ်ကို တောက်လျှောက်မကူညီနိုင်တော့ဘူး။ စပါးကြီး လူယုတ်မာတွေရဲ့ လက်က လွတ်ရုံပဲ တတ်နိုင်တဲ့အတိုင်း နောက်ဆုံး အိန္ဒိယစစ်ပြေးမြန်မာများခိုကိုးရာစခန်း (CAMP) ဆီသို့သာ ပုလိပ်အရာရှိများ လက်အပ်ပြီး အပို့ခိုင်းလိုက်ရပါတယ်။
ခင်ညွှန့်နွယ်ခမျာမှာတော့ ဝမ်းမြောက်ခြင်းမျက်ရည်များသွင်သွင် ကျဆင်းပြီး ဘုန်းကြီးကို သုံးကြိမ် ဦးခိုက်ကန်တော့ကာ လငပုတ်လက်ကလွတ်တဲ့ လဝန်းလို ကြည်ကြည်လင်လင်နဲ့ လိုက်ပါ သွားတာ မြင်ရတော့ ဘုန်းကြီးဖြင့် ဝမ်းမြောက်လိုက်တာလေ၊ကြည်နူးခြင်းမျက်ရည်များပင် ဝိုင်းပြီး.....
ခင်ညွှန့်နွယ်သွားရာခရီး ချောမောပါစေ၊ခင်ညွှန့်နွယ်၏ အနာဂါတ်ကာလ ကောင်းမွန်ပါစေလို့ဆု
တောင်းရင်း မျှော်ကြည့်လိုက်မိသေးတယ်။ (ဆီလ်ချာ)ထောင်ကို သွားရမှာ အရင်ကဲ့သို့ စိတ်မထိုင်း တော့ဘူး၊ ငါကား ပြုနိုင်ခဲသော ကယ်တင်မှု ကိုပြုခဲ့ရပြီလို့ ကြည်နူးလှစွာနဲ့ (ငပု)ခေါ်တဲ့သဘောင်္ပေါ် စစ်ပုလိပ် အခြံအရံနဲ့ ထွက်ခဲ့ရပါတယ် ဒကာကြီး။
ကဲ - ဒီဇာတ်က ဒါပါပဲ....။
နောက်ဆုံး ဘုန်းကြီးတွေနဲ့ လေ့လာခဲ့သမျှ ဒီစပါးကြီးတွေနဲ့ ပတတ်သက်တဲ့ ဥပဒေသကတော့...

No comments:

Post a Comment

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-