2009-03-04

တိရိစ္ဆာန်လိုဆက်ဆံအားထုတ်လိုက်တာလည်း

‘ ပဋိသန္ဓေအမြန်ရအောင်ဆိုပြီး ဆေးအမျိုးမျိုးတွေကို စားစားပြီး မတရားကျင့်နည်းတွေနဲ့ တိရိစ္ဆာန် လို ဆက်ဆံအားထုတ်လိုက်တာလည်း မလျှောက်ရဲတော့ပါဘူး ဘုရား‘ လို့ ငိုပြန်တယ်။ ပန်ချာပီကပ္ပတိန်ကြီးက မသိမသာ မဲ့ပြုံး ပြုံးပြီး ဘုန်းကြီးမျက်နှာကို ကြည့်လိုက်တယ်။ ဘုန်ကြီးကတော့ မပြုံးအားနိုင်ဘူး။ တိရစ္ဆာန်ကုလား၊ ဒီလိုကုလားမျိုး တစ်မျိုးလုံးကိုဘဲ ဘုန်းကြီးမေတ္တာမထားနိုင်တဲ့ ဘဝကိုရောက်မိတာဘဲ။ခင်ညွှန့်နွယ်က ဆက်ပြောပြန်တယ်-
“ တပည့်တော်မကလည်း ပဋိသန္ဓေမရှိ နောက်ကျတော့ ဆိုင်က အခြား ကုလား ၄ ယောက်နဲ့ အလှည့်ကျ အပျော်ခိုင်းပြန်တယ်။.ငြင်းဆန်ရင် ပါးစပ်ကို အဝတ်နဲ့စည်းပြီး သေလုမတတ် ရိုက်ပါတယ်။ အဲသလိုနဲ့ ကုလားငါးယောက်ရဲ့ ဘုံမယားအဖြစ်နဲ့တစ်နှစ်ကျော် နေခဲ့ရပါတယ်။အပြင်ထွက်ခွင့်လည်း အလျင်းမရပါဘူး။အင်္ဂလိပ်ခေတ်ဆိုတော့ ဒီကုလားက အရာရှိတွေ ဘာတွေ ငွေနဲ့ပေါင်းသင်းတော့ ကုလားမျက်နှာကလည်း ကြီးနေပါတယ်။ တပည့်တော်မမှာ ကယ်နိုင်မယ့်လူ၊ အားကိုးနိုင်မယ့်လူ ကြည့်မနေနိုင်ပါဘူး ဘုရား။ နောက် ဂျပန်လည်းဝင် လာရော ကုလားပြည်ကို လိုက်ခဲ့ရတော့တာပါပဲ။
တောင်ကုတ်လမ်းကနေပြီး ကုန်းကြောင်းခရီးထွက်ခဲ့ရပါတယ်။တပည့်တော်မ တစ်သက်မှာ ဒီလောက် ပင်ပင်ပန်းပန်းခရီးကြမ်းမျိုး တစ်ခါမှ မသွားခဲ့ဘူးပါဘူး။ ကုလားကြောက်တာနဲ့ဇွဲခတ်ပြီး လိုက်ခဲ့ရပါတယ်။လမ်းမှာ ဓားပြတိုက် ခံရသေးတယ်။ ဒါနဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခု ဆိုသလို ဆင်းဆင်းရဲရဲနဲ့ပဲ စစ်တကောင်း ရောက်လာခဲ့ပါတယ်။ နောက် စစ်တကောင်းနဲ့ ၁၆မိုင်လောက်ဝေး တဲ့ (မဟာတိုလီ)ဆိုတဲ့ ခေါ်တောရွာမှာ နေရပါတယ်။
အဲဒီရွာမှာ (ဘရူးဝါး)ခေါ်တဲ့ ဘင်္ဂါလီ ဗုဒ္ဓဘာသာ ဘုရားကျောင်းရှိပါတယ်။ အဲဒီကျောင်းက ကြေးစည်သံတွေ ခေါင်းလောင်းထိုးသံတွေ စတဲ့ ဘာသာရေးအသံတွေ ခဏခဏကြားနေရတော့ ကိုယ့်တိုင်း ကိုယ့်ပြည်နဲ့ ကိုယ့်ဇာတိဒေသလို့ ထင်တယ်ဘုရား။
မိဘတွေလွမ်း ရွာကိုလွမ်းနဲ့ မိဘတွေရှိလို့သာ သမီးဒုက္ခတွေများမြင်ရရင် ရင်နှစ်ခြမ်း ဖြန်းကနဲ ကွဲကုန်ကြမှာဘဲ တွေးပြီး ဆွေးလိုက်တာဘုရား ” လို့ပြောပြီါ် စတုတ္ထအကြိမ် မျက်ရည်မိုး သည်းပြန်တယ် ဒကာကြီးရဲ့။ နောက်ဆက်ပြီး ပြောပြတာကတော့ -
တစ်နေ့ ရေခပ်သွားချင်ယောင်ဆောင်ပြီး ဘရူးဝါးကျောင်းမှာ မြတ်စွာဘုရား ဆင်းတုတော်ကို ဝင်ဖူးပြီး ဒီဝဋ်မှ ကျွတ်ဖို့ဆုတောင်းရတာ တပည့်တော်ဖြင့် ကြည်နူး ကျေနပ် ဝမ်းသာလိုက်တာဘုရား။ အရင်က စိတ်ရော ကိုယ်ရော နေ့စဉ်အမျှ ဒုက္ခပင်လယ် ဝေနေရတာဟာ မြတ်စွာဘုရား ဆင်းတုတော်ကို ဖူးလိုက်ရတာနဲ့ ဘယ်လိုလန်းသွားမှန်း မသိဘူး။ တစ်ကိုယ်လုံးလည်း ကြက်သီးများထပြီး စိတ်ရော ကိုယ်ရော ချမ်းသာလိုက်တာဘုရား။
ရှေးက ဆုပေးကြတဲ့ ရေထိသော ကြာပန်းကဲ့သို့ လန်းဆန်းပါစေဆိုတာကို စာစကားတွေပဲလို့ အရသာ မသိခဲ့ဘူး။ ခုလို ဘုရားကို ဖူးရတဲ့အခါမှာ စိတ်ရော ကိုယ်ရော လန်းလာတာတွေ့တော့မှ ဒီစာ အဓိပ္ပါယ်ကို သဘောပေါက်ပြီး အရသာပေါ်ပေါက်လာပါတယ်။
နောက်ပြီး တပည့်တော်မ ဘုရားက အမှတ်တမဲ့ ပြန်လာပါတယ်။ လင်ကလား မသိကောင်းဘူး ရယ်လို့ အောက်မေ့တာပေါ့လေ။ အိမ်ကျတော့ လား လား သူကသိနှင့်နေပါတယ်။
တပည့်တော်မ ဘုရားဖူးတာကို အခြားကုလားတွေမြင်တာနဲ့
သူ့ကိုလာပြောနှင့်ကြတာကိုးဘုရား။တပည့်တော်မ အရိုက်ခံရတာ ( ၇ )ရက်လုံးလုံး ဆက်ရိုက် တယ်ဘုရား။ တပည့်တော်မ သူ့ကို ကြောက်လိုက်တာမှ ကြည့်ရင်းကြည့်ရင်းကို တုန်နေအောင် ကြောက်ပါတယ်။
သူမို့ (၇) ရက် ဆက်ပြီး ဇွဲနဲ့ ရိုက်နိုင်ပေတယ်။ ခံရသူတပည့်တော်မမှာဖြင့် အပေါက်အပြဲ အညို အမဲနဲ့ အိပ်ရာထဲလဲနေလောက်အောင်ကိုပဲ ဒဏ်ရာရခဲ့ပါတယ်။ ရိုက်တိုင်းရိုက်တိုင်း ဆဲလိုက်တာလဲ ကုန်ရော။
“ ဂေါတမ မြတ်စွာဘုရားကိုလဲ သူ့ကိုယ်နဲ့နှိုင်းပြီး ဒါဘုရားမဟုတ်ဘူး၊ ငါ့လိင်ရုပ်၊ အလကား
အရုပ်၊မြန်မာတွေ မိုက်လို့ ရှိခိုးနေတဲ့အရုပ် ဘာလို့ နင်ရှိခိုးသလဲ၊ တို့ဘာသာကို ရှိခိုးရမယ်မဟုတ်လား၊
ဒီဘုရား အရုပ်ကို ရှိခိုးမဲ့အစား ဟောဟော ငါ့ဟာ ရှိခိုးဆိုပြီး ရက်ရက်စက်စက်ရိုက်တာပါပဲဘုရား။ ”
တပည့်တော်မလဲ တစ်ခါတည်း သေသွားပါစေတော့လို့ ဆုတောင်းမိပါတယ်။ ဒါမှ ငါ့ ဒီဝဋ် ကျွတ်မယ်လို့ အောက်မေ့မိပါတယ်။ ပြီးတော့လည်း သူ့ရဲ့မယားကြီး ကုလားမကလည်း တပည့်တော်မ ကို ခဏခဏ ရိုက်တယ်။ နှိပ်စက်တယ်။ ထွက်ရိုက် ဝင်ရိုက်ဆိုသလိုကို ရိုက်ပါတယ်။

1 comment:

  1. တိရိစ္ဆာန်လိုဆက်ဆံအားထုတ်လိုက်တာလည်း-
    http://www.myanmarexpress.net/2011/07/blog-post_24.html

    ဒီလို သမိုင်းတွေ ရှိကြတယ်-
    http://forshwemyanmar.blogspot.com/2010/12/blog-post_07.html

    ReplyDelete

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-