2009-03-04

သတိပြုပါ ထေရ်သံဃာ

သတိပြုပါ ထေရ်သံဃာ

ရဟန်းတော်တို့၏ စာချခြင်း၊ စာသင်ခြင်း၊ တရားအားထုတ်ခြင်း၊ တရားပြခြင်း စသော လုပ်ငန်းများကို လုပ်ဆောင်တော်မူနေကြခြင်းသည်လည်း သာသနာပြုနေကြခြင်းပင် ဖြစ်ပါ၏။ သို့သော်လည်း မြို့ရွာရပ်ကွက်အသီးသီးရှိ လူသားတို့ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြမှသာ ယင်းလုပ် ငန်းများကို ဆောင်ရွက် နိုင်မည်ဖြစ်ပါ၏။ အခြားဘာသာဝင်များသာ ဖြစ်ခဲ့လျှင် တရားနာယူသူ , အားထုတ်သူများ အဆက်ပြတ်သွားမည့်အပြင် စာသင်တိုက်အသီးသီးတွင် စာပေသင်ကြားမည့် ကိုရင်, ရဟန်းများလည်း လုံးဝအဆက်ပြတ်တောက်သွားနိုင်ပေသည်။ ယင်းအခြေအနေရောက်ခဲ့သော် အရှင်တို့က ဘယ်သူတွေအား တရားဟောပြ, စာတွေချမည်နည်း။ ထို့ကြောင့် အထက်ပါသာသနာပြု လုပ်ငန်းများအပြင် ဗုဒ္ဓဘာသာရော မြန်မာ တိုင်းရင်းသားများပါ ဝါးမျိုမခံနိုင်ရန် ဤစာအုပ် ဖြစ်ရပ်များကို ဒကာ-ဒကာမတိုင်းအား ဟောညွှန်ပြသင့်လှပေသည်။ ရဟန်းတော် တစ်ပါးလျှင် ဆွမ်းခံအိမ်(၁၅) အိမ်
ထောင်စီ တာဝန်ယူ ဟောပြောလျှင် စိတ်အေး နိုင်ပါပြီ။

No comments:

Post a Comment

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-