2009-03-04

ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ

ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ

ယနေ့လက်ရှိ တကမ္ဘာလုံးမှာ လူဦးရေသန်းပေါင်း (၅၀၀၀) ကျော်ခန့် (၅၀၀)ကုဋေကျော် ရှိပြီး မူဆလင် ဦးရေသန်းပေါင်း (၈၅၀)ခန့် ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ သူတို့ဟာ လူများစု မဟုတ်ကြပါဘူး။
အများစု နားလည်တဲ့ စကားနဲ့ တင်ပြရပါလျှင် ကမ္ဘာပေါ်ရှိ တိုက်ကြီး ( ၇ )တိုက်မှာ ဘယ်တိုက်မှာမှ သူတို့ဟာ လူများစု မဟုတ်ကြပါဘူး။
ဤကမ္ဘာတွင် ခရစ်နှစ် ၁၉၁၀- ပြည့်တုန်းက ကမ္ဘာ့လူဦးရေသန်းပေါင်း (၁၆၂၀) ခန့်ရှိပြီး မူဆလင် ဘာသာဝင် ဦးရေသန်းပေါင်း(၂၁၀)ခန့်ရှိခဲ့ရာ ဆယ့်နှစ် ဒဿမ လေးရာခိုင်နှုန်းသာ ရှိခဲ့ သောလည်း ယနေ့ ၁၉၈၀ (၎င်းစာရင်းထုတ်ပြန်သည့်အချိန်)တွင် ကမ္ဘာ့လူဦးရေ (၄၃၇၄) သန်း အနက် မူဆလင် ဘာသာဝင် (၇၂၃)သန်း ခန့်ရှိပြီး ဆယ့်ခြောက်ဒသမငါးရာခိုင်နှုန်းခန့် ရှိလာပါတယ်။ ကမ္ဘာ့လူဦးရေနဲ့ ချီပြီး လေးရာခိုင်နှုန်းခန့်သို့ တက်လာတာဟာ အထူးသတိပြုစရာပါပဲ။
လာမည့်ခရစ်သက္ကရာဇ် ၂၀၀၀- ခန့်မှာ ကမ္ဘာလူဦးရေဟာ သန်းပေါင်း (၆၂၆၀)အထိ တိုးတက်များပြား၍ လာမည်ဖြစ်ပြီး မူဆလင် ဘာသာဝင်များဟာလည်း (၁၂၀၀)သန်းခန့် အထိရှိ လာမည်မို့ ကမ္ဘာ့လူဦးရေရဲ့ ဆယ့်ကိုး ဒဿမ နှစ်ရာခိုင်နှုန်းခန့် ရှိလာပြီး နောက်ထပ် သုံးဒဿမ တစ်ရာခိုင်နှုန်း ကမ္ဘာနှင့် ချီပြီး အချိုးအစားပိုမိုလာဖို့ ရှိကြောင်း ခန့်မှန်းထားပါတယ်။
မူဆလင် အာရပ်နိုင်ငံ(၂၀)မှာ လူဦးရေး (၁၇၄)သန်းခန့်သာရှိ၍ တစ်နိုင်ငံလျှင် ပျမ်းမျှ (၈)သန်း ခန့်ရှိပါတယ်။ ကမ္ဘာ့လူဦးရေသန်းပေါင်း (၅၀၀၀)ခန့် အနက် မူဆလင် သန်းပေါင်း (၈၅၀) ခန့် ရှိ၍ ကမ္ဘာ့လူဦးရေ၏ ဆယ့်ခုနှစ် ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် (၁၅၉)နိုင်ငံ အနက် မူဆလင်နိုင်ငံ (၃၄)နိုင်ငံ ရှိပါတယ်။ နောက်ဆုံးအဖွဲ့ဝင် နိုင်ငံကတော့ ဗြိတိသျှ လွတ်လပ်ရေးပေးလိုက်တဲ့ ဘရူနိုင်းနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာမှာ မူဆလင်အများဆုံး နေထိုင်တဲ့ နိုင်ငံကတော့ အင်ဒိုနီးရှားဖြစ်ပြီး သန်းပေါင်း (၁၆၀)ခန့် ရှိပါတယ်။ ဒုတိယအများဆုံးက အိန္ဒိယနိုင်ငံထဲက မူဆလင်များဖြစ်ပြီး သန်းပေါင်း ၁၀၀ (ကုဋေ ၁၀ ခန့်) ရှိပါတယ်။ တတိယ အများဆုံးက ဘင်္ဂလားဒေ့ရှ် သန်း (၉၀)ကျော်နဲ့ ပါကစ္စတန် (၈၅)သန်းခန့်တို့ ဖြစ်ကြပါတယ်။ ပဉ္စမအများဆုံးကတော့ ရုရှားနိုင်ငံထဲရှိ မူဆလင်များဖြစ်ပြီး လူဦးရေ သန်း (၅၀)ခန့် ရှိပါတယ်။
မူဆလင်တွေဟာ အချင်းချင်း ရိုင်းပင်းကြပြီး ဘုရားဝတ်တတ်ရာမှ အစ စုစုဝေးဝေး ရှိကြတယ်လို့ အမှုမဲ့ အမှတ်မဲ့ နေကြသူတွေက သူတို့ကို ကမ္ဘာအရပ်ရပ်မှာ အများစုလို့ အထင်ရှိ နေကြပါတယ်။ ဖာသိဖာသာနေသူများကိုလည်း ကမ္ဘာမှာ သူတို့က လူအများစုဖြစ်နေကြ သယောင်ယောင် ဟိတ်ထုတ်
နေကြပါတယ်။
ဒါကြောင့်လည်း ၁၉၄၈-၄၉ အိန္ဒိယ, ပါကစ္စတန် ခွဲကြတုန်းက စစ်တကောင်းတောင်တန်း နဲ့ အချို့နယ်ကလေးတွေမှာ အိန္ဒိယပြည်ထဲ ဆက်စပ်လျက် ပါသင့်ပြီး ဟိန္ဒူဦးရေက ထက်ဝက် အနည်းငယ် ပိုပေမယ့် အမှုမဲ့ မှတ်မဲ့ မထူးတော့တဲ့ အနေအထားမျိုးနဲ့ စာရင်းမပေးမိလို့ မူဆလင် နိုင်ငံဘက်ကိုပါသွားကြရပါတယ်။ တစ်ခါတစ်လေ ပွဲလှန့်ဖျာခင်းတဲ့ သဘောမျိုးကို အစဉ်သတိ ချပ်ကြဖို့ လိုအပ်ပါတယ်။

1 comment:

  1. ကမ္ဘာ့နိုင်ငံများ မှ အစ္စလာမ်သာသနာ
    http://www.myanmarislam.com/2012/04/blog-post.html

    ReplyDelete

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-