2009-03-04

တရုတ်ပြည် အာရှအရှေ့ဖျားဒေသများနှင့် အစ္စလာမ်ဘာသာ

တရုတ်ပြည် အာရှအရှေ့ဖျားဒေသများနှင့် အစ္စလာမ်ဘာသာ

ယခုအခါ ဆိုဗီယက် ပြည်ထောင်စုအတွင်း တရုတ်နယ်စပ်အနီးရှိ ပါကစ္စတန် ပြည်နယ်သည် ရှေးအခါက ခိုတန်ပြည်ဟု တွင်ရှိပြီး တရုတ်ပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိရန် အရေးပါသော နိုင်ငံ ဖြစ်ခဲ့ပါတယ်။
တရုတ်ပြည်ကို ရှေးဦးစွာ ဗုဒ္ဓသာသနာပြုသူမှာ ခိုတန်ပြည်သား အရှင်ဿပမာတင်္ဂ ဖြစ်ပါတယ်။ ခိုတန်ပြည် ဘုရင်ဓမ္မနန္ဒသည် ဗုဒ္ဓသာသနာကို လွန်စွာ သက်ဝင်ယုံကြည်၍ ထီးနန်းကို စွန့်ကာ ရဟန်းပြု၍ အိန္ဒိယသို့ပင် ပညာသင် ကြွခဲ့ပါတယ်။
အန္ဒရဘုရင်လက်ထက် ဂေါတမဝိဟာရ ကျောင်းတိုက် တစ်ခုတည်းမှာပင် စာသင်သား ရဟန်း(၄)ထောင်ကျော် ရှိသည် ဟု တရုတ်ခရီးသည် ဖာတီယန် မှတ်တမ်း တင်ခဲ့ပါသည်။ ထိုကဲ့သို့ အပြစ်ကင်းစွာ ထွန်းလင်းတောက်ပ၍ နေသော ဗုဒ္ဓသာသနာ ရောင်ဝါဟာ ခရစ်နှစ် ၁၀၀၀ ခန့် တွင် တူရကီ လူမျိုးယူဆစ်ကဒရ်ခန် ဦးဆောင်သော မူဆလင် စစ်တပ်ကြီးက ခိုတန်ပြည်ကို တိုက်ခိုက်၍ အဓမ္မသာသနာ ပြုခဲ့ရာတွင် ဗုဒ္ဓသာသနာ ကွယ်ပ၍ ယခုအခါ စေတီပျက် အချို့နှင့် ရုပ်ပွားတော် အကျိုးအပျက်တို့ကို ခိုတန်သမိုင်းတွင် ရှေးဟောင်း အမွေအနှစ်အဖြစ် ကျန်ရစ်လျက် ရှိပါတော့တယ်။
တရုတ်ပြည်သို့ အစ္စလာမ်များ ကနဦးစွာ ဝင်ရောက်လာကြသော အရပ်ဒေသသည် ကျယ်ဝန်းသော်လည်း သဲကန္တာရဆန်သော စင်ကျန်းပြည်နယ် ဖြစ်ပါတယ်။ ၎င်းအပြင် ယူနန် ပြည်နယ်၌ အချို့ရှိပြီး တရုတ်ပန်းသေးဟု မြန်မာတို့က ခေါ်ကြပါတယ်။
တရုတ်ပြည်မှာ သန်းပေါင်း ၁၀၀၀ခန့်က (ကဋေ၁၀၀ ခန့်) လူဦးရေရှိပြီး မူဆလင်ဦးရေ သန်း ၂၀ ပတ်ဝန်းကျင် ခန့်သာ ရှိပါသည်။ အဓိကအားဖြင့် အထက်က ပြဆိုခဲ့တဲ့ ပြည်နယ် ၂ ခုမှာပဲ ရှိပြီး ၎င်းပြည်နယ် ၂ ခုမှာလည်း သူတို့ဟာ လူများစု မဟုတ်ကြပါ။ ၎င်းပြည်နယ် ၂ ခု အနက် လူဦးရေ ၁၃ သန်းခန့်ရှိသော စင်ကျန်းပြည်နယ် တစ်ခုတည်း၌သာ မူဆလင်ဘာသာ လူမျိုးစုရှိပါတယ်။
သဲကန္တာရဆန်သော မွန်ဂိုလီးယားပြည်နယ် မဟာယနဘာသာနိုင်ငံတွင်လည်း လူနည်းစု အဖြစ် အတော်အသင့်နေကြပါတယ်။ အရှေ့ဖျား အခြားနိုင်ငံများဖြစ်ကြတဲ့ ကိုရီးယား တို့၌မူ မရှိသလောက် အလွန်ပင် နည်းပါးပါတယ်။
ယနေ့ ဖိလစ်ပိုင် ကျွန်းစုခေါ်တဲ့ ဘရင်ဂျီ ခရစ်ယာန် အများစုဖြစ်ပြီး သန်း ၅၀ ခန့်ရှိတဲ့ နိုင်ငံဟာလည်း မူဆလင်များက ဗုဒ္ဓဘာသာနှင့်ဟိန္ဒူများကို အဓမ္မသာသနာပြုပြီးနောက် ဥရောပ နိုင်ငံများ တန်ခိုးထွားလာချိန်တွင် စပိန်တို့က မူဆလင်များနည်းတူ နှစ်ပေါင်း ၁၅၀ ခန့် ယင်းကျွန်းစုများကို စိုးမိုးပြီး အဓမ္မသာသနာ ပြုခဲ့ကြရာ ဖိလစ်ပိုင်ကျွန်း မင်အာနို ကျွန်းကြီးပေါ်ရှိ မူဆလင်များ၏ ကြံ့ကြံ့ခံခဲ့ခြင်းကိုတော့ အောင်နိုင်ခြင်း မရှိခဲ့ပါ။ ယနေ့တိုင်ပင် ဖိလစ်ပိုင်နိုင်ငံမှ ခွဲထွက်ခွင့် ရရှိရေးအတွက် ဖော်ရိုးသူပုန်များ ထကြွလျက်ရှိနေပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး အပြီး ၁၉၅၀-၅၁ ခန့်မှာ တောင်/မြောက်ကိုရီးယား စစ်ဖြစ်ခဲ့ကြ ပါတယ်။ အဲဒီ စစ်ပွဲပြီးဆုံးစေရန် တောင်/မြောက် ၁၇ မျဉ်းပြုင်မှာ ကုလသမဂ္ဂကြီးမှူးပြီးတော့ ငြိမ်းချမ်းရေးတပ်တွေ ချထားပေးကြပါတယ်။ အဲဒီလို ကမ္ဘာ့နိုင်ငံတပ်တွေချထားရာမှ ဖို-မ သဘာဝအရ ရောက်လေရာဒေသမှာ အိုးချင်းထား အိုးချင်းထိ, ကြိုးချင်းထားကြိုးချင်းငြိ၊ ညားကြ၊ ပေါင်းဖေါ်ကြလို့ ကိုရီးယား မိခင်တွေနဲ့ နိုင်ငံစုံတပ်သားတွေ ပေါင်းဖော်ပြီး သားသမီးတွေ ရကြပါ တယ်။ ကြာတော့ တပ်တွေလည်း နေရင်းနိုင်ငံပြန်ကြရပါတယ်။ သို့ပေမယ့် ကလေးတော်တော် များများနဲ့ ကိုရီးယားသူ မိခင်တွေဟာ ကိုရီးယားမှာပဲ နေခဲ့ကြပြီး နောင် ၁၀-၁၅နှစ်၊ အနှစ် ၂၀ ကြာတော့ အခြား မူရင်းပြည်သူတွေနဲ့ ရောနှောသွားကြပါတယ်။
ဒါပေမယ့် တူရကီ မူဆလင် တပ်သားတွေနဲ့ ရတဲ့ကလေး ၂၀၀ ကတော့ မူဆလင်ကလေး တွေ အနေနဲ့ တစ်သီး တစ်ခြား ရပ်တည်ခဲ့ကြပါတယ်။ ထိုစဉ်အခါကနဲ့စာလျှင် ကိုရီးယား ပြည်သူလူဦးရေဟာ ဗုဒ္ဓဘာသာမလေးတွေနဲ့ ညားကြပြီး သာသနာပြုကြလို့ , ပေါက်ဖွားကြလို့ ကမ္ဘာ့မူဆလင်တွေရဲ့ ထောက်ပံ့မှုကြောင့် အဆွယ်ကောင်းလို့ စသည်ဖြင့် အကြောင်းကြောင်း တွေကြောင့် ကိုရီးယားမှာ ယနေ့ မူဆလင် ၄၀၀၀ ထိ လူဦးရေ တိုးတက်များပြားလာပြီး ရာခိုင်နှုန်း အဆ ၂၀ အထိ ခုန်ပျံတိုးတက်လာပါတယ်။
ဒါလည်း အလျဉ်းသင့်လို့ တင်ပြရလျှင် ရခိုင်မေဃ၀တီ ဆရာတော် ဦးနာရဒက လွန်ခဲ့တဲ့ အနှစ် (၃၀)ခန့်က ဘယ်လို မိန့်ကြားခဲ့ပါသလဲဆိုတော့ စစ်မြေပြင်မှာ မြန်မာဗုဒ္ဓဘာသာသား ကောင်း (၅၀၀ )ကျဆုံးခဲ့ပါလျှင် ဝမ်းနည်းဖို့ ကောင်းပေမယ့် မြန်မာမိခင် (၅၀၀)က ထပ်ပြီး သားကောင်း (၅၀၀)က ထပ်ပြီး သားကောင်း(၅၀၀)ကို မွေးပေးနိုင်ပါသေးတယ်တဲ့။ ဒါပေမယ့် မြန်မာအမျိုးသမီး (၅၀၀) လင်ယူမှား ရင်တော့ နောင်လာလတ္တံ့သော အနာဂါတ်ကာလမှာ တိုင်းပြည်အတွက် ကြာလေနာလေနဲ့ ရောဂါဆိုးတစ်ခု စွဲကပ်သလို ခံစားရတော့တာပါပဲလို့ ဖော်ပြ ထားပါတယ်။ အဲဒီစကားဟာ မှန်ကန်၍နေကြောင်း ဒီနေရာမှာ သာဓကပါပဲ။
အာရှအရှေ့ပိုင်းနိုင်ငံများ ဖြစ်ကြတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ, မွန်ဂိုလီးယားနိုင်ငံတော် တောင်/မြောက် ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ ၊ လောနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိင်ငံ၊ ဗီယက် နမ်နိုင်ငံစတဲ့ နိုင်ငံတို့နဲ့ ဖော်မိုဆာကျွန်းစသည့်နိုင်ငံများ အားလုံးမှာ မူဆလင်တွေဟာ ဒေသခံတိုင်းရင်ပြည်သူတွေရဲ့ ငါးရာခိုင်နှုန်းမျှပင် မရှိပါဘူး။
ဤမျှနဲ့ပဲ အာရှအရှေ့ပိုင်း နိုင်ငံများနဲ့ အစ္စလာမ်ဘာသာအကြောင်းကို တင်ပြလိုက်ပါတယ်။

1 comment:

  1. အော် သမိုင်းကိုတောင် လိမ်တတ်နေပါလား-

    သမိုင်းမှန်ကို သိချင်သမျှအတွက်သာ-
    http://islammyanmar.com/yahoo_site_admin/assets/docs/China.206151912.pdf

    ReplyDelete

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-