မျိုးချစ်ဇာနည်
- နတ်သုဒ္ဓါတမျှ ချိုဆိမ့်လှသည့် ဗန္ဓရ သရက် နွယ်ခါးယှက်၍ အသက်ဆုံးရှုံး မျိုးတုံးခဲ့ရ ရှေးသာဓက ရှိခဲ့ကြ၏။
- တို့အမျိုးဘာသာ သာသနာတည် ကမ္ဘာ့အလယ် ဂုဏ်ယူဖွယ်တိ ချီးမွမ်းသည့်အသံ မိုးထိညံမျှ သင်းပျံ့လှ၏။
- တို့အမျိုးဘာသာ ဓွန့်ရှည်ကြာရေး နောင်လာရင်သွေး သင် … ဘာလေးမွေးမလဲ ဒေါ်လာမယား ဖော်ပြုထားပြီး တိုက်ကားကြီးပေါ် မြူးရွှင်ပျော်ကာ အနှစ်မပါ အချစ်ညာတဲ့ နွယ်ခါးယစ်ခွေ မျိုးဖျက်တွေကို သမီး… ဘယ်လိုစဉ်းစားမလဲ တော်လှဲသဲကြီးပြီး မည်ဟီးပြီးလျှင် မြေကြီးကွဲအက် ငလျှင်စနက်ကြောင့် ရာထောင်မက ရှိခဲ့ကြလည်း အမျိုးမပြုတ် အငုတ်အရင်း မျိုးတက်ဆင်းကာ အမျိုးဘာသာ သာသနာကြီး ဆက်လက်ပြီးလျှင် ရှင်သန်ဝံ့ကြွားမျိုးဆက်များမှ ထိမ်းထားနိုင်၏။
- သို့ပေသည့်လည်း မြေမျိုးသော် အမျိုးမပြုတ် လူမျိုးသော် အငုတ်မကျန် အမျိုးပြုတ်ရန် အရေးမို့ ကလေးတို့ရေ….
- ဝတ်ချင်တဲ့ဆန္ဒ လှချင်တဲ့မာနနဲ့ အချောင်ရတယ်ဆိုပြီး ဘဝကြီးတစ်ခုလုံး ပုံအပ် မိုက်ဇာတ် တော့ မခင်းလိုက်ပါနဲ့။
- ထမင်းငတ်ပြီး သေတဲ့မသာ တို့မြန်မာပြည်မှာ မရှိပါဘူး။
- အလှယစ်မူး ချစ်ရည်လူးပြီး ရာဂကြူးတဲ့ ဘီးလူးလက်အောက် အမျိုးပျောက်ရန် ဘယ်သော အခါမှ မကြုံကြနဲ့။
- ငွေကြေးဥစ္စာ ဆင်းရဲပါလည်း ကမ္ဘာအပေါင်းမှ ချီးကျုးကြအောင် လူမျိုးချင်းယှက် အမျိုးဂုဏ်တောင်ရင်း မျိုးဆင်းသက်မှ ဆက်လက်ခိုင်မာ တို့သာသနာကြီး
- ဘုန်းနေလမ်း ထိန်ထိန်ငြီးစွာ အဓွန့်ရှည်ကြာ တည့်တံ့မှာမို့ သမီးတို့ရေ နောင်လာရင်သွေး မျိုးဆက်သစ်လေးများ မွေးဖွားပေးနိုင်ကြပါစေ။
တင်ထွန်း (ွG.T. I နှစ်တရာပြည့် မဂ္ဂဇင်းမှ )
2009-03-04
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-