2009-03-04

အစၥလာမ္ဘာသာဝင္မ်ား ဘုရားဖူး(ဟာဂ်ျ)သွားရောက်ခြင်းအကြောင်း

တစ်ကမ္ဘာလုံးမှ အစ္စလာမ်ဘာသာဝင်များ ဘုရားဖူး(ဟာဂ်ျ)သွားရောက်ခြင်းအကြောင်း

သူတို့ဘာသာဝင်တစ်ဦးဟာ ကျန်းမာပြီးငွေကြေးချောင်လည်ပါက တစ်သက်တာတွင် မက္ကာသို့ အနည်းဆုံး တစ်ကြိမ် ဘုရားဖူးသွားရောက်ကြဖို့ ဘုရားသခင် ပညတ်ထားကြောင်း ဆိုပါတယ်။ မက္ကာရောက်သည့်အခါ မြို့လယ်တွင် ဆောက်ထားတဲ့ အနက်ရောင်လွှမ်းသည့် လေးထောင့်ပုံသဏ္ဍန် ကျောက်တုံးကြီးကို မျက်နှာမူပြီး တစ်ချိန်တည်း ဝတ်ပြုရပါတယ်။ ယင်းကျောက်တုံးကြီးဟာ တစ်ခြားမဟုတ်ပါ။ နေ့စဉ် တစ်ကမ္ဘာလုံးရှိ မူဆလင်များက မိမိတို့နေထိုင်ရာ အရပ်မှ နေ့စဉ် မျက်နှာမူ၍ ဝတ်ပြုပြီးနောက် အာရဖတ်ကွင်းပြင်၌ တစ်ပြိုင်တည်း ဝတ်ပြုတာဟာ ဘုရားဖူးတွေရဲ့ အရေးကြီးဆုံးဖြစ်ပါတယ်။ ထို့နောက် မီနာဟု ခေါ်သော အရပ်ရှိသီးခြား ကျောက်တိုင် (၃) တိုင်ကို ခဲနဲ့ ပစ်ပေါက်ရပါတယ်။ ယင်းခဲနဲ့ ပစ်ပေါက်တဲ့ ဓလေ့ထုံးစံကား ဘုရားသခင်က တမန်တော် မိုဟာမတ်အီဘရာဟင်၏ ကြည်ညို စိတ်ကို စုံစမ်းလို၍ သူ၏ သားလည်မျိုကိုလှီး၍ ပူဇော်ရန်စေခိုင်းရာ စေတမန်နတ်က (၃)ကြိမ် တိုင်တိုင် လာရောက်တားမြစ်သဖြင့် ခဲနှင့်ပေါက်၍ နှင်တဲ့ထုံစံလို့ ဆိုပါတယ်။
ယင်းသို့ သားရဲ့လည်မျိုကို လှီးဖြတ်ရာမှာ ဘုရားသခင်က သိုးကလေးတစ်ကောင်ကို အစားထိုး၍ ခံပေးလိုက်တယ်လို့ ဆိုပါတယ်။ဒီသာဓကအရ အစ်နေ့တွေမှာ ကျွဲ၊နွား၊သိုးစတဲ့ တိရိစ္ဗာ္ဆန်တွေကို ရက်ရက်စက်စက် အကြီးအကျယ် သတ်နေကြတာ ဖြစ်ပါတယ်။
ဒုတိယ အရေးကြီးဆုံးနေရာမှာ မိနာမြို့နှင့် (၂)မိုင်ခန့်ဝေးသော ကူတမ်ဝတ်ကျောင်း တော်ကြီး၌ ဝတ်ပြုရခြင်းပဲဖြစ်ပါတယ်။ ယင်းနောက် မိုဟာမက်၏ သင်္ချိုင်းဂူမှာ ဆုတောင်းကြရပါ တယ်။

1 comment:

  1. ဟာ့ဂ်ျကို မြန်မာမှုပြု ဘာသာပြန်ရရင် ဒုလ္လဘ ရဟန်းခံ၍ ပရိဝါ့သ်ပြုခြင်းလို့ ဖြစ်ပါတယ်။ ဒီလို ဘာကြောင့် မြန်မာမှု ပြုရသလဲ ဆိုတာ အရင်သိစေလိုပါတယ်။ ဟာ့ဂ်ျ ပြုသူဟာ ဆံပါယ်ရမည်၊ မေထုံမှုကို
    ရှောင်ကြဉ်ရမည် (ကုရ်အံ ၂း၁၉၆) ၀တ်ကြောင့်စွန့်ရမည် (၅း၁) ဒေါ သဖြစ်စေသော၊ ညစ်ညမ်းသော၊ ကာမစိတ်ကို နှိုးဆွသော ၀စီကံများကို ရှောင်ကြU်ရမည် (၁း၁၉၅) သတ္တ၀ါတို့၏ အသက်များကို
    ဖြုန်းတီးခြင်း အမဲလိုက်မှုများကို ရှောင်ကြဉ်ရမည် (၅း၁)-- စတဲ့ အချက်တွေ အပြင် အခြားသော စည်းကမ်းချက်တွေ ရှိနေပါတယ်။ ဘာသာ တစ်ခုနဲ့ တစ်ခု စည်းကမ်း ၀ိနည်းချင်းတော့ တစ်ထပ်
    တည်း ဘယ်တူပါ့မလဲ။ ဒါပေမယ့် ဆံပါယ်တယ်၊ ၀တ်ကြောင် စွန့်တယ်၊ မေထုံမှုကို ရှောင်ရတယ်ဆိုတဲ့ အချက်တွေက- ဗုဒ္ဓဘာသာများ နားလည်နိုင်တဲ့ အခြေခံ အချက်တွေ ဖြစ်ပါတယ်။

    ဟာခ်ျ ကို ဘာကြောင့် ဘာသာခြား ပေးမ၀င်တာလဲလို့ မေးခဲ့ရင်တော့-
    ဟာ့ဂ်ျ ဆို
    တာ ဗုဒ္ဓဂါယာလို၊ ဘာတီကန်လို အရပ်ဒေသ တစ်ခု အဖြစ် သတ်မှတ်ပြီး- ကမ္ဘာလှည့် ခရီးသည်တွေ၊
    လေ့လာလိုသူတွေကို ခွင့်ပြုထားတဲ့ နေရာဌာန မဟုတ်ပါဘူး။ အစ္စလာမ် ဘာသာဝင်များ ပရိဝါ့သ် ပြုရာနေရာ ဖြစ်ပါတယ်။

    ကိုယ်တော် ဂေါမကို မယုံကြည်တဲ့ လူကို ရဟန်းဘောင်ကို ၀င်ခွင့်ပြုမှာလား၊ တကယ်လို့ ကိုယ်တော်ဂေါတမကို သက်ဝင်ယုံကြည်မှု မရှိဘဲ- ရဟန်းဘောင်ကို ၀င်တဲ့လူ ရှိတယ်ဆိုရင်- အဲ့ဒီလူဟာ ဗုဒ္ဓ ဘာ
    သာကို အကျိုးပေးမလား၊ အတွင်း သူလျှိုလုပ်ပြီး ဒုက္ခပေးမလား၊ ဆိုတာကို စဉ်းစားစေချင်ပါတယ်။

    နောက်တစ်ခုက အခြားဘာသာတွေမှာ တားမြစ်ထားတာ မရှိဘူး ဆိုတာတော့ နဲနဲ ပြန်စဉ်းစားစေချင်ပါတယ်။

    ရဟန်းသံဃာတွေ ပရိဝါ့သ် ပြုတယ်ဆိုတာကို လေ့လာပါ။ အဲ့ဒီမှာ အပြင်လူ လုံးဝ မ၀င် ရစေဘို့ လုံခြုံရေး အစောင့်တွေ ထားရပါတယ်။ နို့မဟုတ်ရင် ပရိဝါ့သ်ဆောင် သံဃာတော်တွေရဲ့ သီလတွေ အားလုံးပျက်သွားပါတယ်။ မြ၀တီမြို့က ပရိဝါ့သ် ပြုပွဲမှာ အပြင်လူတွေ မ၀င်ရစေဘို့ လက်နက်ကိုင် လုံ
    ခြုံရေးတွေ ကူညီချပေးထားတာကို ကျွန်တော်ကိုယ်တိုင် တွေ့ဘူးပါတယ်။
    ကျွန်တော်ကိုယ်တိုင်- ပရိဝါ့သ်ဆောင် သံဃာတော် တစ်ပါးကို မေးခဲ့ပါတယ်။ (ပရိဝါ့သ် ပြီးတဲ့ အချိန်
    မှာပါ။) ဘာဖြစ်လို့ လက်နက်ကိုင် လုံခြုံရေးတွေကို ချထားတာလဲ။ တကယ်လို့ တစ်ယောက်ယောက်က အတင်းဝင်လာခဲ့ရင် ပစ်သတ်ခွင့် ရှိသလားလို့----၊ အဲ့ဒီ ကိုယ်တော်က သံဃာတော်တွေရဲ့ ပရိဝါ့သ်
    ဆောက်တည်မှု မပျက်စီးရေး အတွက် လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်ခွင့် ရှိပါတယ်-လို့ ပြော
    ပါတယ်။

    ဒီတော့ အစ္စလာမ်က သတ်မှတ်တဲ့ ပရိဝါ့သ်ပြုပေးခြင်းကို- အစ္စလာမ် မဟုတ်သူများ မပါဝင်ပါနဲ့ ပြောဆိုထားတာ-- အပြစ်တစ်ခုများ ဖြစ်နေရော့သလား။ မိမိ မယုံကြည်ရာကို ယုံကြည်ပါတယ်လို့ လိမ်ညာ
    ပြုလုပ်ခြင်း ဆိုတဲ့ လိမ်ညာမှု အကုသိုလ်ကို မပြုလုပ်ပါနဲ့ လို့ တားမြစ်ပေးတာ- အပြစ် ရှိသလား ခင်ဗျား။

    http://islaminmyanmar.blogspot.com/

    ReplyDelete

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-