2009-03-04

အိန္ဒိယပြည်နဲ့ အစ္စလာမ်ဘာသာ

အိန္ဒိယပြည်နဲ့ အစ္စလာမ်ဘာသာ

အိန္ဒိယပြည် တစ်ဝန်းလုံးကိုစုစည်း အုပ်ချုပ်နိုင်သောဘုန်းတန်ခိုးကြီးမားသည့်ဘုရင်ကြီးများ
ဖြစ်ကြသော စန္ဒဂုတ္ထမောရိယ ၊သိရီဓမ္မာသောက၊ဟာသျှ၊ သမုဒြဂုတ္တ ကဲ့သို့သော ဘုရင်ကြီးများသည်
၇-ရာစုမှ၁၃ ရာစုတိုင်အောင် အိန္ဒိယနိုင်ငံ၌မပေါ်ပေါက်ခဲ့သေးပါ။
ထိုကဲ့သို့ဘုန်းတန်ခိုးအင်အားချို့တဲ့နေစဉ်ကာလများမှာအစ္စလာမ်၊အာရပ်၊အာဖဂန်နှင့်မဂိုဘုရင်
များတို့က၄င်းတို့၏တန်ခိုးအာဏာတိုးချဲ့လို၍လည်းကောင်းအစ္စလာမဘာသာ ပြန့်ပွားလို၍လည်းကောင်း
တစ်သုတ်ပြီး တစ်သုတ် ဖော်ပြပါရာစုများအတွင်းမှာ အိန္ဒိယနိုင်ငံကြီးသို့ အနောက်မြောက်ဖက်အရပ်မှ
ဝင်ရောက်၍ သိမ်းပိုက်ခဲ့ကြပါတယ်။ အိန္ဒိယတိုက်ငယ် ဆင့်(ဒ်)ပြည်နယ်ကို ပထမဦးစွာ အောင်နိုင်သိမ်း
ပိုက်ခဲ့သူမူဆလင်စစ်သူကြီးအမည်မှာ“မိုဟာမက်ဗင်ကာဆင်“ဖြစ်ပါတယ်။ ပန်ဂျပ်ပြည်နယ်၊ဆင်းပြည်နယ် စသည်ဖြင့် ဟိန္ဒူမြစ်ဝှမ်းဒေသတွင် အထူးအားဖြင့် ခြေကုပ်ယူ၍ ဓါးမိုးအုပ်ချုပ်မင်း လုပ်ခဲ့တယ်။
ပထမဦးစွာ အာရပ်တို့ကလည်းကောင်း၊နောင် အာရပ်တို့ တန်ခိုးမှိန်သောအခါ အာဖရန်တို့က လည်းကောင်း ၊ နောက်ပိုင်း မဂိုတို့ကလည်းကောင်း အစ္စလာမ်ဘာသာပြန့်ပွားရေးကို လူသာလဲပြီး မူမလဲသောဝါဒဖြင့် ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့တွင် အိန္ဒိယ တိုက်ငယ်၌ ဘင်္ဂလားဒေရှ့် ၈၅ သန်းခန့်၊ ပါကစတန် သန်း ၈၀ ခန့်နှင့် အိန္ဒိယ ပြည်ထဲမှပင် သန်းပေါင်း ၁၀၀ (၁၀ ကုဋေ)ခန့်ထိအောင် လူဦးရေများပြားစေခဲ့ပါတယ်။ ကမ္ဘာ့သမိုင်း အခြေပြစာအုပ်တွင် အစ္စလာမ်ဘာသာပြန့်ပွားရေးကို လက်နက်အားကိုဖြင့် ဆောင်ရွက်ခဲ့ကြသည်ဟု ဖော်ပြပါရှိပါတယ်။ မူဆလင်တွေဟာ အာရှေဗျ ကျွန်း ဆွယ်ကနေ တစ်နိုင်ငံပြီးတစ်နိုင်ငံ ဘာသာရေးကို သိမ်းသွင်းပြီး ၀ါးမျိုးလာခဲ့ရာမှာ နိုင်ငံငယ်များဖြစ်ပြီး လူဦးရေးနည်းပါးတဲ့ ဆီးရီးယား၊ အီရတ်၊ အီရန်၊ အာဖဂန်စတဲ့ နိုင်ငံငယ်များကို ၀ါးမျိုးရတဲ့အချိန်ဟာ သိပ်မကြာလှပေမယ့် အိန္ဒိယ တိုက်ငယ်ကျတော့ ဟိန္ဒိုဘာသာ ဗုဒ္ဓဘာသာတို့က မူဆလင်တို့အရင် ရာစုနှစ်ပေါင်းများစွာ ကြာပြီး အရိုးစွဲနေကြပြန်၊ လူဦးရေကလည်း ထူထပ်များပြားပြန် ဆိုတော့ ရုတ်တရက်မ၀ါးမျိုနိုင်ဘဲ ဆင်ခေါင်းခွေးချီသလို ရာစုနှစ်အတော်များများ ကြိုးစားအားထုတ်ကြရပါတယ်။
ဒါကြောင့်လည်း အိန္ဒိယ ပြည်ကြီး ဗြိတိသျှထံမှ လွတ်လပ်ရေးရယူတဲ့အခါ မူဆလင် ဘာသာ ၀င် များပြားတဲ့ ယခု ပါကစ္စတန်ခေါ်တဲ့ အရပ်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ် ခေါ်တဲ့ အရပ်ဒေသတွေကို နိုင်ငံသီးခြား ဖဲ့ပေးလိုက်ပါတယ်။ ဒီလို မူဆလင်များရာ အရပ်ဒေသတွေကို ဖဲ့ပေးပြီးတာတောင် ယနေ့ကမ္ဘာမှာ မူဆလင်အများဆုံး မှီတင်းနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံ ကလွဲလျှင် အိန္ဒိယ ပြည်ထဲရှိ မူဆလင်တွေက ကမ္ဘာမှာ အများဆုံးဖြစ်ပါတယ်။ ကမ္ဘာမှာ တတိယနှင့်စတုတ္တနိုင်ငံတွေဟာလည်း အိန္ဒိယ တိုက်ငယ်ထဲက စောစောကတင်ပြခဲ့တဲ့ ပါကစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပဲ ဖြစ်ပါတယ်။ အိန္ဒိယ ပြည်မှာခံရတာ ဟိန္ဒူဘာသာဝင်တွေသာမကပါဘူး ဗုဒ္ဓဘာသာတွေကျတော့ အမြစ်ပါမကျန် ကျွတ်ကုန်ပါတော့တယ်။
ဗုဒ္ဓမြတ်စွာဘုရားပွင့်ပြီးနောက် နှစ်ပေါင်း (၃၀၀)ခန့် အကြာ ဗုဒ္ဓဘာသာကို သူ့အလိုအလျောက် သက်ဝင်ယုံကြည် ကြည်ညိုပြီး ကူးပြောင်းလာခဲ့တဲ့ သိရိဓမ္မာသောကမင်းကြီးဟာ အများသိတော်မူတဲ့ အတိုင်း ကိုးတိုင်း၊ကိုးဌာန သာသနာပြု စေလွှတ်ရုံနှင့် အားမရသေးဘဲ သားတော်သမီးတော်တို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြုင့်ခြင်းပြုခဲ့ပါတယ်။ နောင် ဗုဒ္ဓဘာသာဝင်မင်းများ ကလည်း သာသနာတော်ကို ဆက်လက်၍ အားပေးကြပါတယ်။ အိန္ဒိယပြည် နာလန္ဒဗုဒ္ဓတကသိုယ်ကြီးကို ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ လာရောက်၍ ပညာဆည်းပူးနိုင်ရန် သာသနာ သက္ကရာဇ် ၁၀၀၀ ခန့်တွင် ကုမ္မာရဂုတ္ထမင်း တည်ထောင်ခဲ့ပါတယ်။ အခြား ဗုဒ္ဓဘာသာဝင်မင်း တို့ကလည်း ၀ိက္ကမသီလာ
တက္ကသိုလ်, လေဘီ တက္ကသိုလ် , သြဒန္တပူရိ တက္ကသိုလ်, သောမရူပမ တက္ကသိုလ်, ဖဂန္ဒလ တက္ကသိုလ်, အစရှိတဲ့ ဗုဒ္ဓတက္ကသိုလ်ကြီးများကို တည်ဆောက်ခဲ့ပြီး စာသင်သားရဟန်းတော် ထောင်သောင်းချီ
၍ရှိခဲ့ပါတယ်။ ဘာသာဝင် နိုင်ငံကြီးများ ဖြစ်ကြတဲ့ တရုတ်ပြည်၊ ဂျပန်ပြည်၊ အင်ဒိုနီးရှား ကျွန်းစုများ
(ထိုစဉ်က သီရိဝိဇယ သုဝဏ္ဏဘုမိ နိုင်ငံတော်) စသည်တို့မှ စာသင်သား ရဟန်းတော်များ၏ ဗုဒ္ဓစာပေပညာ ဆည်းပူးရာ တက္ကသိုလ်ကြီးများ ဖြစ်ခဲ့ကြပါတယ်။
ယင်း တက္ကသိုလ်ကြီးများအား မူဆလင် အာရပ် တို့သည် လည်းကောင်း၊ အာဖဂန် မူဆလင်
တို့သည်လည်းကောင်း၊တူရကီ မူဆလင် တို့သည် လည်းကောင်း ခေတ်အဆက်ဆက် ဆိုသလို မီးတိုက်
ဖျက်ဆီးခြင်း၊စာသင်သား ရဟန်းတော်များကို သတ်ဖြတ်ခြင်း စသည်ဖြင့်အပြီးတိုင်ကျေမှုန်းခြင်းခံရ၍ အိန္ဒိယမှာ ဗုဒ္ဓဘာသာ တို့ နလန်မထူနိုင်အောင် ဖြစ်သွားကြပါတယ်။
မူဆလင်သမိုင်းသုတေသီ ဆရာမိန်ဟဇက်က “မူဆလင်မြင်းစစ်သည်တော်တွေဟာ နာလန္ဒ
တက္ကသိုလ်ကြီးကို မီးတိုက်ဖျက်ဆီးပြီး ရဟန်းတော်ပေါင်း သောင်းနှင့်ချီ၍ သတ်ဖြတ်ပါတယ်။ ရက်ရက်
စက်စက် အရှင်လတ်လတ် မီးတိုက်ပြီး သတ်ဖြတ်ပါတယ်။ စာပေ၊ ပိဋိကတ်တော်ကြီးများကို မီးတိုက်
ဖျက်ဆီးကြရာတွင် လနှင့်ချီပြီး မီးလောင်၍နေတယ်” လို့ မှတ်တမ်း တင်ထားပါတယ်။
အိန္ဒိယမှာ ဗုဒ္ဓဘာသာ လွယ်ပရခြင်း အကြောင်းတစ်ရပ်တွင် ဟိန္ဒူ တို့၏ ပယောဂနှင့်ရက်စက်မှု
တို့ပါဝင်သော်လည်း အပြီးတိုင် အမြစ်ပါမကျန် သုတ်သင်ခံရခြင်းမှာ မူဆလင်တို့ကြောင့် ဖြစ်ပါတယ်။
ဤကဲ့သို့ များပြားလှသော ရဟန်းတော်များနှင့် ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်ကြီးများကို အလွယ်
တကူ ဖျက်ဆီးနိုင်ရခြင်း အကြောင်းကတော့ ဗုဒ္ဓ ရဟန်းတော်များ အနေဖြင့် တုတ်၊ခါး၊ လက်နက်ဆိုလျှင်
လုံးဝမကိုင်ရလေတော့မြင်းစစ်သည်တစ်ထောင် မပြောနှင့် လက်နက်ကိုင် အနည်းငယ်ခန့် ဆိုလျှင်လည်း
ခံရမှာပါပဲ။ လက်နက်ရှိနဲ့ လက်နက်မဲ့တို့၏ ဓမ္မတာပါပဲ။ ဗုဒ္ဓဘာသာရဟန်းတော်တို့က ၀ိနည်းတော်နဲ့ အညီကျောင်းသီးခြား၊ ၀တ်ရုံသင်္ကန်းသီးခြားဆိုတော့ရှာဖွေသုတ်သင်ပြစ်ဖို့ လွယ်ပေမယ့် ဟိန္ဒူဘာသာကို ဦးဆောင်ကြတဲ့ ဟိန္ဒူ ဗြဟ္မဏတွေ ကျတော့ ဃရာဝါသ နယ်ထဲမှာ ရှာဖွေရတာ သိပ်မလွယ်လှဘူး။ သူတို့ ခန္ဓာကိုယ်ထဲမှာသာ ၀ှက်ထားတဲ့ စလွယ်ကို အဓိကထားရှာဖွေပြီးမှ သတ်ဖြတ်ရပါတယ်။
ဒါဟာလည်း ဟိန္ဒူဘာသာတို့ ဂျိန်းဘာသာတို့ဟာ အိန္ဒိယမှာ ကြွင်းကျန်တဲ့ ရပ်တည် နိုင်ခဲ့တဲ့
အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ မဂိုဘုရင် အော်ရန်စစ် လက်ထက်မှာ ဟိန္ဒူတို့ရဲ့ဘာသာရေး ဦးစီးဦးဆောင် ဗြဟ္မဏများကို ရှာဖွေ၍ ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ ဟိန္ဒူ ဗြဟ္မဏတွေဟာ ယရာဝါသ နယ် မှာလူတွေနဲ့ ရောနှောပြီး ရုတ်တရက် ရှာဖွေရ မလွယ်ပေမယ့် မဂိုဘုရင်အော်ရန်ဇစ်ဟာ တစ်နေ့ တစ်နေ့ ဟိန္ဒူ ဗြဟ္မဏစလွယ် (၅) ပိဿာရမှ မျက်နှာတော်ကြည်ပြီး ပွဲတော်တည်တယ် လို့ဆိုပါတယ်။
ဒါကြောင့် နေ့စဉ် နေတိုင်း ဟိန္ဒူ ဗြဟ္မဏစလွယ်( ၅ )ပိဿာ ရအောင် မူဆလင်စစ်သားတွေက ရှာဖွေ
ကြရပါတယ်။ သူတို့ရှာဖွေကြပုံက ဘယ်လိုလဲဆိုတော့ သူတို့ရှာဖွေစုံစမ်းလို့ ဟိန္ဒူ ဗြဟ္မဏ တစ်ယောက်
ယောက်ကို ဖမ်းမိလျှင် သင်ဘာအယူလဲလို့ ပထမမေးပါတယ်။ အမေးခံရသူက ကျွန်တော် အစ္စလာမ်ပါ လို့ ပြန်လည်ဖြေကြားလျှင် အေး အစ္စလမ်ဆိုလျှင် ဒီစလွယ်ကို မလွယ်ရဘူး။ နောက်တစ်ခါထပ်ပြီးတွေ့ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး စလွယ်ကို ဓားဖြင့်ဖြတ်ယူ ပါတယ်။ ဒါပေမယ့် အမေးခံရသူက အယူပြင်းထန်လို့ ကျွန်တော်ဟိန္ဒူဘာသာ လို့ဖြေခဲ့လျှင် ဦးခေါင်းကို ဖြတ်ပြီး ဒီစလွယ်ကို ဖြုတ်ယူပါတယ်။
အော်ရန်ဇစ် ရက်စက်မှုကြောင့် သူလည်းသေရော ဟိန္ဒူ မဟာရတ်သာတို့၊ ဂုဂျရတ်တို့၊ ဆစ်(ခ)တို့အားလုံးက တော်လှန်ပုန်ကန်ကြပါတယ်။ ဗုဒ္ဓဘာသာတွေမှာတော့ ရဟန်းတော်တွေ ဆိတ်
သုဉ်းသွားပြီးမို့ နာလန်မထူနိုင်တော့ပဲ နောင်နှစ်တော်တော်ကြာတော့ အပြီးအပိုင် အိန္ဒိယနိုင်ငံမှ ပျောက်
ကွယ်သွားရ ပါတယ်။
အထက်က တင်ပြခဲ့တာတွေဟာ အိန္ဒိယတိုက်နယ်မှာ ဘာသာရေး နယ်ချဲ့ အဓ္ဓမခံရပုံ သမိုင်း ကြောင်းအကျဉ်းပါပဲ။ အိန္ဒိယပြည်ဟာ ခဲမှန်ဘူးတဲ့စာသူငယ်လို နောက်ဆုံး ၁၉၄၉ ခုနှစ် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရယူတဲ့အချိန်မှာ ၄င်းပိုင်နယ်မြေထဲက မူဆလင် အများစုနယ်မြေကို မချိတင်ကဲ ဖဲ့ပေးလိုက် ရပါတယ်။ အဲဒီတုန်းက အိန္ဒိယအမျိုးသား ခေါင်းဆောင်ကြီး များ ဖြစ်ကြတဲ့ မဟတ္တမဂန္ဒီတို့ နေရူးတို့က မူဆလင်တွေ သီးခြားခွဲမထွက်စေချင်ဘူး။ သူတို့ကို အထူးဦးစားပေးပြီး ဥပဒေတစ်ရပ်ပြဌာန်းပြီး ဟိန္ဒူနဲ့ တန်းတူရည်တူလက်တွဲပြီး နေစေချင်ပါတယ်။ ဒါပင်မယ့် မူဆလင်ထုကြီးနဲ့ သူတို့ ခေါင်းဆောင် ဒေါက်တာဂျင်းနားတို့က ဖိအားပေးပြီးခွဲထွက်ဖို့ ဆောင်ရွက်ကြပါတယ်။
ဟိန္ဒူတွေက ဘုရားကြည်ညိုတဲ့ မဟတ္တမဂန္ဒီကလည်း မူဆလင်တွေ ဘယ်လိုရန်စစ ရန်စွာစွာ သည်းခံဖို့ အလျှော့ပေးပြီး ပေါင်းဖို့ဆောင်ရွက်နေတော့ သီးခြားနိုင်ငံခွဲထွက်လိုတဲ့ မူဆလင်တွေရော ခံနေရတဲ့ ဟိန္ဒူတွေကပါ အခက်တွေ့နေကြပါတယ်။
အဲဒီလိုနဲ့ ၁၉၄၇ - ခုနှစ် ရက်တရက်မှာ လက်တွေ့အကောင်အထည်ဖော်ရမယ့်နေ့လို့ သတ်မှတ်ပြီး မူဆလင်တွေဟာ အချိန်းအချက်ပြုပြီး ဂျလီဝါနာဘတ်(ဂ်)ခေါ်တဲ့ ခရိုင်အတွင်းမှာ ဟိန္ဒူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ နောက်ပြီးတော့လည်း စစ်တကောင်း န၀ခါလီခရိုင်မှာ ဟိန္ဒူရာဂျာ မိသားစုများမှ အစ ဟိန္ဒူထောင်ပေါင်းများစွာကို သွေးအေးအေးနဲ့ ဆိတ်များ၊သိုးများ သတ်သလို ၀ိုင်းဝန်းပြီးတော့ သတ်ဖြတ်ခဲ့ကြပါတယ်။
မူဆလင်တွေက လက်ဦးမှုရတော့ ဟိန္ဒူတွေခံလိုက်ရပါတယ်။ ဒါပင်မယ့် သူတို့က ပါးကြလျှင် ကြတယ်။ သတ်လို့ပြီးတော့ အိန္ဒိယပြည်မှ ခွဲထွက်ရေးကို မလိုးလားတဲ့ ဟိန္ဒူတို့ ဘုရားလိုကိုးကွယ်တဲ့ မဟတ္တမဂန္ဒီကြီးထံ ချဉ်းကပ်ကြပါတယ်။ ‘ ပြီးတာတော့ပြီးခဲ့ပါပြီ ‘ နောက်ထပ် ဟိန္ဒူ မူဆလင် မကွဲရအောင် ဆိုပြီး ‘ လိမ္မာပါးနပ်တယ်ခေါ်မလား၊ ကောက်ကျစ်ယုတ်မာတယ် ‘ ခေါ်မလား ချဉ်းကပ်တော့ မဟတ္တဂန္ဒီကလည်း ခန္တီပါရမီဦးထိပ်ထားသူပီပီ ဟိန္ဒူများတဲ့ ဒေသတွေမှာ ပြန်ပြီး လက်စားမချေဖို့ လက်တုန့်မပြန်ဖို့ သူ့စကားနားမထောင်လျှင် သူအစာငတ်ခံမယ်လို့ အားလုံးကို ခြိမ်းခြောက်ပါတယ်။
ဟိန္ဒူခေါင်းဆောင်တွေကလည်း အခံရခက်၊အနေခက်နဲ့ အခက်တွေ့နေဆဲမှာ ဟိန္ဒူအယူသည်း အဖွဲ့အစည်းထဲက ဂေါ့(ဒ်)ဆေးအမည်ရှိသူတစ်ဦးက နာကျည်းပြီးတော့ မဟတ္ထဂန္ဒီကို သတ်လိုက်ပါ တယ်။ ဒါနဲ့ ဟိန္ဒူတွေလည်း မိအေးနှစ်ခါနာလိုက်ရပါတယ်။ မြွေပါလည်းဆုံး သားလည်းဆုံး ဆိုသလိုပေါ့။
ဒါနဲ့ အိန္ဒိယတိုက်ငယ်ရဲ့ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တဲ့ ခေါင်းမြီးခြုံဓလေ့ဟာ မူလက အိန္ဒိယမှာ မရှိပါ။ မူဆလင်ဘုရင်အသီးသီးတို့ အိန္ဒိယနိုင်ငံအတွင်း ၀င်ရောက်၍ နယ်မချဲ့မီက ဟိန္ဒူမိန်းမတွေဟာ လွတ်လွတ်လပ်လပ်သွားလာခဲ့ကြပါတယ်။ မူဆလင်တွေ ၀င်ရောက်ပြီးမှ ဟိန္ဒူအမျိုးသမီးတွေက မူဆလင်များ နည်းတူအိမ်တွင်းပုန်းဓလေ့ကို လိုက်နာကြပြီး နောင်အခါအမှာ ထုံးစံတစ်ရပ်ဖြစ်လာပါ တယ်။
နောက်ပြီး ဘာသာရပ်စကားအသစ်ဖြစ်တဲ့ အုရဒူဘာသာဟာလည်း မူဆလင်တွေ ၀င်ရောက် လာပြီး နောက်ပိုင်းမှ အုရဒူဘာသာစကားရပ်ရယ်လို့ ပါရှင်း,အာရပ်,ဟင်ဒီဘာသာ စကားသုံးစုရော နှောပြီး ပေါ်ပေါက်လာပါတယ်။
ကျွဲနွားများကို ဟိန္ဒူဘာသာဝင်တွေဟာ လူတို့ရဲ့အသက် ဆန်စပါးစိုက်ပျိုးရာတွင် လည်းကောင်း၊ နို့ ၊ ဒိန်ခဲ ၊ ထောပတ် အစရှိသော အာဟာရကိုလည်းကောင်း၊ ရရှိကြလို့ အလွန်ချစ်မြတ်နိုးကြပါတယ်။ ဒါပင်မယ့် မူဆလင်တွေကျတော့ နှစ်စဉ်တွန်ဘာနီအစ်နေ့များမှာ နွား၏ လည်မျိုကို ဓါးဖြင့်လှီးဖြတ်၍ သတ်စားခြင်းအားဖြင့် ဘာသာရေးအထိမ်းအမှတ်ပြုကြလို့ အိန္ဒိယနိုင်ငံမှာ ပင်ရင်းဒေသခံဟိန္ဒူတွေ အတွက် ကြိမ်မီးအုံးသကဲ့သို့ နှစ်စဉ်ခံစားကြရပါတယ်။
ဤမျှနဲ့ပဲ အိန္ဒိယတိုက်ငယ်နှင့် အစ္စလာမ်ဘာသာရေးအကြောင်းကို အကျဉ်းရုံးပြီး တင်ပြ လိုက်ရပါတယ်။

No comments:

Post a Comment

သဘောထားမှတ်ချက် ချီးမြှင့်ကြသည့်အတွက် ကြိုတင်ကျေးဇူးတင်လျက်ပါ-